သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မိမိပြည်သူများအား ဗုံးကြဲတိုက်ခိုက်နေသည့် မြန်မာစစ်တပ်အား ဂျက်လေယာဉ်ဆီများ မရောင်းချရန် အမေရိကန်က အရေးယူပိတ်ဆို့မှု ထပ်မံတိုးမြှင့်


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၂၅ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

မိမိပြည်သူများအား ဗုံးကြဲတိုက်ခိုက်နေသည့် မြန်မာစစ်တပ်အား အမေရိကန်က အရေးယူပိတ်ဆို့မှု ထပ်မံတိုးမြှင့်သည့်အနေဖြင့် မြန်မာစစ်တပ်နှင့်ဆက်သွယ်ပြီး ဂျက်လေယာဉ်ဆီရောင်းချနေသည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို ပိတ်ဆို့အရေးယူသွားမည်ဟု အမေရိကန် ဘဏ္ဍာရေးဌာန ပြောကြားလိုက်သည်

အမေရိကန်ဘဏ္ဍာရေးဌာနက မြန်မာစစ်တပ် ဂျက်လေယာဉ်များအတွက် လောင်စာဆီ တင်သွင်း ဖြန့်ဖြူးမှုနှင့် ဆက်စပ်နေသော ကုမ္ပဏီသုံးခု နှင့် လူပုဂ္ဂိုလ်နှစ်ဦးဖြစ်သော ခင်ဖြူဝင်း၊ ဇော်မင်းထွန်း တို့ကို ထပ်မံအရေးယူပိတ်ဆို့လိုက်သည်ဟု မကြာခင်က ကြေညာခဲ့သည်။

မြန်မာစစ်ကောင်စီ၏ ကာကွယ်ရေးဌာနအတွက် နိုင်ငံပြင်ပတွင် အလုပ်လုပ်ပေးနေသော ကုမ္ပဏီများကို အရေးယူပိတ်ဆို့ရန် သမ္မတဂျိုးဘိုင်ဒင်၏ လက်မှတ်ရေးထိုးထားသော အမိန့်အရ ဘဏ္ဍာရေးဌာနသည် ဆုံးဖြတ်ချက်အမိန့်ထုတ်ပြန်ရခြင်းဖြစ်သည်ဟု သိရသည်။

“ စစ်ကောင်စီအတွက် အရေးကြီးတဲ့ကဏ္ဍတွေကို ပိတ်ဆို့အရေးယူမှု ထပ်မံတိုးမြှင့်လိုက်ခြင်းဖြင့် စစ်ကောင်စီရဲ့ ဖိနှိပ်မှု သက်ဆိုးရှည်စေမယ့် အရင်းအမြစ်တွေ ကုန်ခမ်းသွားအောင် လုပ်နိုင်မှာ ဖြစ်တယ်” ဟု အမေရိကန် ဘဏ္ဍာရေးဌာန လက်ထောက်အတွင်းရေးမှူး ဘရိုင်ယန် နယ်လ်ဆင်က ဆိုသည်။

“ မြန်မာစစ်တပ်ဟာ ပြည်သူတွေကို ဖိနှိပ်ဖို့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်” ဟု သူက ဆက်ပြောသည်။


ref: financial express

ဆက်စပ် သတင်းများ