ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ပလက်ဝမြို့ အနီး မိုင်းပေါက်ကွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.8k

နောင်ခိုင်အောင်

နိရဥ္စရာ၊ အောက်တိုဘာ ၄/၂ဝ၁၉

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ကုလားတန်မြစ်၏ အရှေ့ဘက်ကမ်းရှိ ပလက်ချောင်း၊ ချောင်းဝ ကူတိုးဆိပ်နှင့် မြို့ဦးစေတီ(ခေါ်) အောင်စေတီသွားလမ်းကြားတွင် ယနေ့ မနက် ၉နာရီခန့်က မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။

“အောင်စေတီဘုရားနားမှာ မိုင်းတစ်လုံးကွဲတယ်။ ခလရ(၂၈၉)တပ်ရင်းကိုသွားတဲ့လမ်းမှာဖြစ်တာပါ။ ဘာကြောင့်လဲ ဆိုတာတော့မသိဘူး။ အခုပဲပေါက်တာတာပါမိုင်းက တိုက်ပွဲဖြစ်တာလည်းမဟုတ်ဘူး။” ပလက်ဝဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ဖုန်းဆက်ပြောသည်။

ယခုမို်င်းပေါက်ကွဲသည့်နေရာသည်။ ပလက်ဝမြို့ သာယာဝရပ်ကွက် ကူတိုးဆိပ်ကမ်း၏ အရှေ့ဘက်ခြမ်း ပလက်ချောင်း၊ ချောင်းဝကူတိုးဆိပ်ကမ်းနှင့် အောင်စေတီ(ခေါ်) မြို့ဦးစေတီအနီး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းရာ ယနေ့ နံနက် ၉ နာရီခန့်က မိုင်းပေါက်ကွဲခဲ့ခြင်းမှာ ဟုတ်မှန်ကြောင်း၊ တစ်စုံတစ်ရာထိခိုက်မှု မရှိကြောင်း၊ တပ်ဘက်ဆိုင်ရာ ကိစ္စရပ်များဖြစ်၍ မိမိအနေဖြင့် အသေးစိတ် သိရှိနိုင်ခြင်း မရှိကြောင်း ပြောကြားသည်။

အမည်မဖော်လိုသူ အစိုးရ ဝန်ထမ်းတစ်ဦးကလည်း မိုင်းပေါက်ကွဲခြင်းမှာဟုတ်မှန်ကြောင်း၊ အထိအခိုက် ရှိ/မရှိဆိုသည်ကို မသိရသေးကြောင်း ပြောကြားသည်။

အဆိုပါပေါက်ကွဲမှုတွင် သေဆုံးမှုတချို့ရှိသည်ဟု ဒေသအတွင်းသတင်းထွက်ပေါ်နေသော်လည်း နိရဥ္စရာသတင်းဌာန အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပါ။


ဆက်စပ် သတင်းများ