သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဗုံးကွဲမှုဖြစ်ပွားခဲ့သော ရသေ့တောင်မြို့နယ်ချိန်ခါလိန်ကျေးရွာကို အဖွဲ့ပေါင်းစုံ ဝင်ရောက်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.7k

နီမင်းထွန်း
နိရဥ္စရာ ၊ အောက်တိုဘာ ၁၉ /၂ဝ၁၉

ယမန်နေ့က ဗုံးကွဲမှု ဖြစ်ပွားခဲ့သောရသေ့တောင်မြို့နယ်၊ ကိုးတန်ခေါက်ကျေးရွာအုပ်စု၊ ချိန်ခါလိန်ကျေးရွာကို ယနေ့ ၈ နာရီအချိန်ခန့်မှစ၍ စစ်တပ်၊ရဲနှင့် လဝကတို့မှ ဝင်ရောက်စစ်ဆေးနေသည်ဟု သတင်းရရှိသည်။

၄င်းကိစ္စနှင့်ပတ်သက်၍ ချိန်ခါလိန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက “အခုရွာသားတွေအကုန်လုံးကို ဘုန်ကြီးကျောင်းကိုခေါ်လို့ စစ်ဆေးနေတယ်။ ရွာသားတွေကလည်း အခုလို တခါမှမကြုံဖူးသေးတော့ စိုးရိမ် နေကြပါတယ်”ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

ယခုစစ်ဆေးနေချိန်အတွင်းမှာ သက်ကြီးရွယ်အိုများကို ပြန်လွှတ်ပေးခဲ့ပြီး အသက် ၁၈ နှစ် အထက် လူငယ်များနှင့် ယင်းဝန်းကျင်ရှိ လူငယ်များကို  ပြန်မလွှတ်ပေးဘဲ လူခွဲပြီး စုခိုင်းထားသည်ဟု ၄င်းကဆက်ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “မနေ့ က အဲဒီရွာနားမှာ ပေါက်ကွဲမှုတစ်ခုဖြစ်တဲ့အတွက် ရွာမှာ သူစိမ်းတွေ ရှိမရှိ စစ်တာပါ။တရားဥပဒေနဲ့အညီ စစ်ဆေးတာဖြစ်တဲ့အတွက် ရွာသားတွေကို ကျမပြောထားတယ်။ စစ်ဆေးတာကိုကြည်ကြည်ဖြူဖြူလက်ခံပါ။ ကိုယ်တို့မဟုတ်တာကို မဟုတ်တဲ့အကြောင်းတင်ပြပါလို့ပေါ့နော်။ အဲသလိုပြောထားတယ်”ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

ချိန်ခါလိန်ကျေးရွာ ရေကျော်တံတားအနီးတွင် ယမန်နေ့ နံနက် ၉ နာရီခွဲခန့်က အငူမော်ဘက်သို့ မောင်းနှင်လာသည့် တပ်မတော်ယာဉ်တန်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရမှုနှင့် ပစ်ခတ်မှုတချို့ရှိခဲ့သောကြောင့် စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။



ဆက်စပ် သတင်းများ