သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဗျူဟာကုန်းရှိရာရေစိုးချောင်းရွာတွင် နံနက်မှ စပြီး ညနေထိ တိုက်ပွဲဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.3k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၂၃/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင့်မြို့နယ်၊ ရေစိုးချောင်းဗျူဟာအနီးရှိ ရေစိုးချောင်းကျေးရွာအနီးဝန်းကျင်တွင် ယနေ့နံနက် ၉ နာရီ အချိန်မှ စတင်ပြီး ယနေ့ ညနေ ၅ နာရီထိ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲ ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။

ရေစိုးချောင်း အရပ်လူကြီး တစ်ဦးက “ မနက်ကတည်းက အခုညနေ ၅ နာရီရှိပါပြီ။ အိမ်ထဲက ဗုံးခိုကျင်းမှာ ပုန်းနေကြရပါတယ်။ မနက် ၉ နာရီလောက်က စပြီးဖြစ်တာ တစ်နေ့လုံး အပြန်အလှန်ပစ်နေကြပါတယ်။ အခု ဖုန်းဆက်နေတဲ့ အချိန်ထိ ပစ်နေကြပါတယ်။ ပီးရင် ခဏ အကြာက ဘုတ်ဆိပ်နဲ့ စာသင်ကျောင်းအနီးက မိုင်းပေါက်သံတွေကြားရပါတယ်” ဟု ပြောကြားသည်။

ယခု တိုက်ပွဲ ဖြစ်ပွားနေသော နေရာမှာ ရေစိုးချောင်းကျေးရွာ အစွန်အဖျားနေရာများတွင် ဖြစ်ကြောင်း၊ ဒေသအခေါ် ရေဇာကမ်းတွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲမှာ ရွာနှင့် အနီးဝန်းကျင်တွင် ဖြစ်နေကြောင်း၊ စစ်ကြောင်းတစ်ခုလည်း ရွာစွန်ရှိ နေအိမ်များတွင် စခန်းချ နေထိုင်လျက်ရှိကြောင်း၊ ၎င်းစစ်ကြောင်းနှင့် ဖြစ်နေပုံရကြောင်း၊  သေနတ်သံများကိုသာ ကြားရပြီး ကြောက်ပြီး မထွက်ဝံ့သဖြင့် မည်သို့ ဖြစ်နေသည်ကို မသိရကြောင်း ၎င်းအရပ်လူကြီးက ပြောသည်။

“ ညနေပိုင်းမှာတော့ ရွာအောက်ပိုင်း စာသင်ကျောင်းဘက်က မိုင်းပေါက်သံတွေကို ကြားရပါတယ်။ ပေါက်တဲ့နေရာက မြေစိုင်ခဲတွေ ကျွန်တော်တို့ အိမ်ထိ လာကျပါတယ်။ ကျန်တာတော့ ဘာဖြစ်နေတယ်ဆိုတာ ဘာမှ မသိပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ရေစိုးချောင်းဗျူဟာချောင်းအနီးတွင် တိုက်ပွဲ ဖြစ်နေသည်မှာ သုံးရက်ခန့်ရှိနေပြီး ယမန်နေ့ကလည်း ရေစိုးချောင်းနှင့် ကျောက်ကုန်ပုတ်ကျေးရွာအကြားရှိ တံတားအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယနေ့တွင် ထပ်မံ၍ ပြန်လည် ဖြစ်ပွားခြင်းဟု သိရသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ “ သတင်းမြန်လှချေလား။ ဒို့တောင် မကြားသေးဘူး” ဟုဆိုကာ ဖုန်းချသွားခဲ့သည်။

-------------------------------

Unicode:



နိရဉ်စရာ၊ နိုဝငျဘာ ၂၃/၂ဝ၁၉







ဆက်စပ် သတင်းများ