သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

AA က ဖမ်းဆီးထားသည့် တပ်မတော်သား ၁၃ ယောက်ကိစ္စ တပ်ဘက်ကစိစစ်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.2k

စိုးဇံအောင်
နိရဥ္စရာ၊နိုဝင်ဘာ ၂၅ / ၂ဝ၁၉

နိုဝင်ဘာ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပလက်ဝမြို့နယ်တိုက်ပွဲအတွင်း တပ်မတော်သား ၁၃ ဦးကို သုံ့ပန်းအဖြစ် ရက္ခိုင့်တပ်တော် (AA) က ဖမ်းမိထားသည်ဆိုသောသတင်းနှင့် ပတ်သက်ပြီး စိစစ်နေဆဲဖြစ်ကြောင်း တပ်မတော်ဘက်က ပြောသည်။

“ကျွန်တော်တို့ကတော့ စိစစ်ဆဲဖြစ်တယ်ဗျ။အဲဒီဘက်မှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တယ်လို့တော့ ကျွန်တော်တို့ အကြမ်းဖျင်းတော့ ကြားထားပြီးပြီ။အဲဒါကြောင့် စိစစ်နေဆဲပဲ ရှိတယ်”ဟု အနောက်ပိုင်းတိုင်း  စစ်ဌာနချုပ် စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက နိရဥ္စရာသို့ ပြောသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့လယ် ၁ နာရီ ခန့်က ပလက်ဝမြို့နယ်၊ပကာဝရွာအနောက်တောင်ဘက်၊ကာရမချောင်း အနောက်ဘက်ရှိတောင်တန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်အရာရှိနှစ်ယောက် အပါအဝင် စစ်သုံ့ပန်း ၁၃ ယောက်ကို လက်ရဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်း တချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA) က နိုဝင်ဘာလ ၂ဝ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထိုသတင်းထုတ်ပြန်ပြီးနောက် နိရဥ္စရာသတင်းဌာနမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်မေးမြန်းခဲ့ရာ  ၂ဝ၁၇ ခုနှစ်က ဖြစ်စဉ်အဟောင်းကို AA ဘက်က ထုတ်ပြန်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယခုတစ်ဖန် AA မှ ဓာတ်ပုံများနှင့် တစ်ကွ ဖော်ပြလာသဖြင့် ယနေ့ဆက်သွယ်မေးမြန်းပြီး ဖမ်းဆီးခံရမှုအပေါ် အတည်ပြုနိုင်ပါသလားဟု မေးမြန်းရာ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက စိစစ်နေဆဲဟု ပြောကြားသည်။

ရက္ခိုင့်တပ်တော် AA ၏ ထုတ်ပြန်ချက်ထဲတွင် ဖမ်းမိထားသည့် စစ်သုံးပန်းများအပြင် လက်နက် ခဲယမ်းများကို ဓါတ်ပုံနှင့်တကွဖော်ပြပြီး ဖမ်းဆီးခံထားရသည့် သုံ့ပန်းခြင်းလဲလှယ်လိုကြောင်း ထပ်မံထုတ်ပြန်ခဲ့သည်။

AA ၏ ထုတ်ပြန်ချက်ထဲတွင် နိုဝင်ဘာ ၁၉ ရက်နေ့က နေ့လယ် ၁ နာရီခန့်က ကာရမချောင်း အနောက်ဘက် တောင်တန်းပေါ်တွင် မြန်မာ့တပ်မတော် ၏တပ်မ(၇၇) လက်အောက်ခံ၊မှော်ဘီအခြေစိုက်၊ ခမရ(၃၁၃)တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြောင်း၊ နေ့လယ် ၁ နာရီခန့်မှ ၁ နာရီခွဲ အထိ ဖြစ်ပွားခဲ့သည့် ယင်းတိုက်ပွဲ တွင် တပ်မတော်ဘက်မှ(၉) ဦး ကျဆုံးခဲ့ကြောင်းနှင့် လက်နက်ချအည့ံခံသော ဗိုလ်(၁) ဦး၊ အရာခံဗိုလ်(၁) ဦးအပါအဝင် သုံ့ပန်း စုစုပေါင်း (၁၃) ဦးကိုလည်း လက်ရအရှင်ဖမ်းဆီးရမိခဲ့ပြီးသေနတ် ၁၄ လက် အပါအဝင်လက်နက်ခဲယမ်း အချို့ကိုလည်းသိမ်းဆည်းရမိကြောင်း ဖော်ပြထားသည်။

-----------------------------------

Unicode:



နိရဉ်စရာ၊နိုဝငျဘာ ၂၅ / ၂ဝ၁၉








ဆက်စပ် သတင်းများ