သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အမှတ် ၂၈၉ တပ်ရင်းနှင့် ဗျူဟာကုန်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် ပလက်ဝမြို့လုံခြုံရေးတင်းကျပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.1k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၁ဝ/၂ဝ၁၉

ချင်းပြည်နယ်၊ ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းဌာနချုပ်နှင့် နှုန်းဗူးငယ်ရွာ အခြေစိုက် ဗျူဟာကုန်းတစ်ခုတို့အား ရက္ခိုင့်တပ်တော် (AA) မှ ဒီဇင်ဘာ ၉ ရက် နံနက်က အစောကြီးက ဝင်ရောက်တိုက်ခိုက်ပြီးနောက် ပလက်ဝမြို့ပေါ်တွင် လုံခြုံရေး တင်းကျပ်ထားပြီး လမ်းတစ်ချို့၏ အသွားအလာများကို ပိတ်ထားကြောင်း သတင်းရရှိသည်။

ပလက်ဝ အခြေစိုက် ခမရ (၂၈၉) တပ်ရင်းဌာနချုပ်ကို ဒီဇင်ဘာ ၉ ရက် နံနက် ၄ နာရီတွင် လည်းကောင်း၊ ပလက်ဝမြို့၊"နှုန်းဘူးငယ်ရွာ" အရှေ့ဖက် ၁ ဒသမ ၃ ကီလိုမီတာအကွာအဝေးရှိ မြန်မာ့တပ်မတော်၏ ဗျူဟာကုန်းတစ်ခုအား နံနက်၄ နာရီ ၂၅ မိနစ်တွင်လည်းကောင်း AAက လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပလက်ဝဒေသခံ အမည်မဖော်လိုသူ တစ်ဦးက “ အခု ပလက်ဝမှာ လုံခြုံရေး တင်းကျပ်ထားပါတယ်။ အသွားအလာက အရင်ကလို သွားလာလို့ မရတော့ဘူး။ မနေ့က ညနေမှာ ဆိုရင်လည်း ၂၈၉ ဘက်က လက်နက်ကြီးပစ်သံတွေကို ကြားရပါတယ်။ မြို့ထဲမှာလည်း တပ်မတော်က အခု နေရာယူထားပါတယ်။ မနေ့က မြို့ထဲက ရိက္ခာရပ်ကွက် ဘော်လုံးကွင်းရှိ ခမီယဉ်ကျေးမှု ရုံးရှေ့မှာ နေရာယူထားတယ်။ သေနတ်သံတွေကြားရတယ်။ တပ်ကလည်း အင်အားဖြည့်ပြီး နေရာယူထားတော့ မြို့ထဲမှာ တိုက်ပွဲဖြစ်လာမလားဆိုပြီး စိုးရိမ်နေကြပါတယ်” ဟု ပြောကြားသည်။

ခမရ(၂၈၉) အား တစ်နာရီနီးပါးကြာချိန်ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်း၊  ဗျူဟာကုန်းသိမ်းတိုက်ပွဲတွင်လည်း (၆) နာရီနီးပါးကြာမြင့်ခဲ့ကြောင်း၊ အထိအခိုက်အနည်းဆုံးဖြင့် အကောင်းဆုံးထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ထိုးစစ်အတွင်း တပ်မတော်ဖက်မှ အထိအခိုက်အကျအဆုံးများရှိခဲ့ကြောင်းဖြင့်လည်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ကျွန်တော်တို့က သွားလာလို့ မရတဲ့ အတွက် သေနတ်သံကြားတာကလွဲပြီး ဘာဖြစ်နေတယ်ဆိုတာကို မသိပါ။ နှုန်ဗူး ဗျူဟာမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်တာကို ကြားရတယ်။ ကျန်တာတော့ မသိရပါ။ ခမရ ၂၈၉ဘက်ကလည်း ၉ ရက်နေ့ နံနက်က လက်ကြီးပစ်သံတွေ၊ လက်နက်ငယ် ပစ်သံတွေ ကြားခဲ့ရပါတယ်။ မနေ့က ညနေ ၇ နာရီမှာလည်း လက်နက်ကြီးတွေ ဆက်ပစ်တာကို ကြားခဲ့ရပါတယ်” ဟု ပြောကြားသည်။

ပလက်ဝမြို့နယ်တွင် တိုက်ပွဲများနှင့် အတူ ညမထွက်ရ အမိန့်ထုတ်ပြန်ထား၍ သာမန်ပြည်သူများ၏ အလုပ်အကိုင်နှင့် စားဝတ်နေရေးကို ထိခိုက်မှုများရှိနေသည်ဟုသိရသည်။

“ အခု  ဒေသခံ ပြည်သူတွေ အထူးအခက်အခဲ ဖြစ်နေပါတယ်။ ည ၆ နာရီမထွက်ရဘူး။ လက်လုပ်လက်စားတွေ အထူးအခက်အခဲ ဖြစ်နေပါတယ်။ ပီးရင် နယ်က လူတွေမှာ မှတ်ပုံတင်မရှိတဲ့လူများပါတယ်။ ဟိုဘက်ကမ်းကနေ ပလက်ဝမြို့ထဲကို လာရင်တောင်မှာ မှတ်ပုံတင်မရှိရင် လာလို့ မရတဲ့ အတွက် လက်လုပ်လက်စားတွေ အထူး ဒုက္ခဖြစ်နေကြပါတယ်” ဟု ပြောကြားသည်။

လက်ရှိ ပလက်ဝမြို့နယ်တွင် သွားရေးလာရေး အခက်အခဲများရှိနေပြီး ပလက်ဝ ချောင်းဖျားဘက်သို့လည်း တိုက်ပွဲများကြောင်း သွားလာမရ ဖြစ်နေသည်ဟု သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဒေသအခြေအနေကို သိရှိလို၍ ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူးဦးကိုးအောင်ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။

--------------------------

Unicode:



နိရဉ်စရာ၊ ဒီဇငျဘာ ၁ဝ/၂ဝ၁၉










ဆက်စပ် သတင်းများ