သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မင်းပြားမြို့နယ် ငန်းတက်အုပ်စုတွင် တိုက်ပွဲဖြစ်၊ ရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ကူတိုက်ခိုက်ရသည်အထိ ပြင်းထန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.5k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၄/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ၊ ငန်းတက် ကျေးရွာအုပ်စု အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ယနေ့ နေ့လယ်က တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ကူ တိုက်ခိုက်ခဲ့ရသည်ဟု မျက်မြင် ဒေသခံများက နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

“ ဖြစ်တာက နေ့လယ် တစ်နာရီကျော်က စတယ်။ မွန်းလွဲ ၂ နာရီကျော် သုံးနာရီမှ ပီးတယ်။ တိုက်ပွဲ မပြီးခင် ရဟတ်ယာဉ် နှစ်စီးနဲ့ လာရောက်ပစ်ခတ်ပါတယ်။ ဖြစ်တဲ့နေရာက ငန်းတက်အုပ်စု ပြိုင်းချောင်းရွာကနေ သုံးဖာလုံလောက် အကွာမှာ ဖြစ်ပါတယ်။ တိုက်ပွဲက ပြင်းထန်ပါတယ်” ဟု ငန်းတက်ကျေးရွာလူကြီး တစ်ဦးက ပြောသည်။

တိုက်ပွဲ ဖြစ်ပွားသော နေရာမှာ ငန်းတက်အုပ်စု၊ ပြိုင်းချောင်းနှင့် အိုးပုံတောင်အကြားတွင် ဖြစ်ပြီး ရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော နေရာမှာ ဆင်အိုးချောင်းနှင့် မှန်ကင်းအကြား နေရာများ ဖြစ်ကြောင်း၊ ရဟတ်ယာဉ် နှစ်စီးဖြင့် တစ်ကြိမ် ၁၅ မိနစ်ခန့် ဝဲပျံ ပစ်ခတ်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ထိုသို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ငန်းတက်အုပ်စုရှိ ငန်းတက် (အိမ်ခြေ ၁၆ဝ)၊ ပြိုင်းချောင်း(အိမ်ခြေ ၂ဝဝ ကျော်)၊ အိုးပုံတောင်နှင့် ညောင်ခြုံ ၄ ရွာရှိပြီး ကျေးရွာသားများမှာ စိုးရိမ်ထိတ်လန့်နေကြပြီး ပြိုင်းချောင်းကျေးရွာသားများမှာ နီးစပ်ရာ ဆွေမျိုးရှိရာ ရွာများသို့ ထွက်ပြေးနေကြကြောင်း သိရသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းသို့ ဆက်သွယ်ရာ ယခု တိုက်ပွဲ ဖြစ်ပွားခဲ့သော နေရာမှာ မြေပုံမြို့နယ်နှင့် နီးစပ်သော်လည်း မင်းပြားမြို့နယ်တွင် ဖြစ်ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားနေကြောင်း သတင်းရရှိကြောင်း ၎င်းက ပြောကြားသည်။

--------------------------------------

Unicode

နိရဉ်စရာ၊ ဒီဇငျဘာ ၂၄/၂ဝ၁၉






ဆက်စပ် သတင်းများ