သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ်မှ ကျေးရွာနှစ်ရွာတွင် လက်နက်ကြီးကျည် ၆ လုံး ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.5k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၃၁/၂ဝ၁၉

ရခို်င်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေညှင်းတောင်ကျေးရွာနှင့် စင်းဘောကိုင်းကျေးရွာတို့တွင် ဒီဇင်ဘာ ၃ဝ ရက်  ညနေ ၄ နာရီခွဲခန့်က လက်နက်ကြီးကျည် ၆ လုံးကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဒဏ်ရာရရှိသွားသူမှာ စင်းဘောကိုင်းကျေးရွာမှ ဒေါ်မဆန်းကြည်(၅ဝ)နှစ်ဖြစ်ပြီး ရွာချောင်းစပ်နားတွင် ငှက်ပျောသီး ကုန်ရောင်းရန်စက်လှေပေါ်မှ ကုန်တင်နေရာမှ ၄င်း၏ ဘယ်ဘက်ပေါင်တွင် ကျည်စထိမှန်ခဲ့ကြောင်း သမီးဖြစ်သူ မသန်းကြည်ဌေးက နိရဥ္စရာသတင်ဌာနအားပြောသည်။

 “ကျွန်မအမေက ငှက်ပျောသီးရောင်းဖို့ သွားဝယ်ရာကပြန်လာတာပါ။အဲဒီမှာ ချောင်းစပ်နားကို လက်နက်ကြီး ကျတာပါ။ သူ့ပေါင်ကို ထိမှန်သွားတာပါ။ အခု ရွာနားကဆေးဆရာမခေါ်ပြီးဆေးထိုးနေပါတယ်။ သူလည်း တအားကြောက်နေပါတယ်။ သွေးပျက်သွားသလိုပါဘဲ” ဟု ၎င်းက ပြောဆိုသည်။

၄င်း လက်နက်ကြီးကျည်များမှာ လေညှင်းတောင်ရွာမှ ၆ မိုင်ခန့် အကွာ မြောက်ဦးမြို့အနီး ရွှေတောင်ဘက်မှ ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံ လူကြီးများက ပြောကြောင်း၊  လေညှင်းတောင် ကျေးရွာအနီးတွင်နှစ်လုံး၊ လေညှင်းတောင်နှင့် နှစ်မိုင်အကွာမိုးကြိုးကွင်းတွင် နှစ်လုံး၊ စင်းဘောကိုင်းကျေးရွာ တွင်နှစ်လုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးကပြောသည်။

“ ကျွန်တော်တို့ရွာကိုလည်းကျပါတယ်။ ရွာအနောက်ဘက် တောင်တန်းတွေပေါ်ကိုတစ်လုံးနဲ့ ရွာထဲကို တစ်လုံးပါ။ လူတွေတော့ ဒဏ်ရာမရခဲ့ပါဘူး။ ရွာသားတွေကြောက်ပြီး ပုန်းနေကြပါတယ်” ဟု လေညှင်းတောင် ကျေးရွာမှဒေသခံတစ်ဦးက ပြောသည်။

လေညှင်းတောင်ကျေးရွာနှင့် စင်းဘောကိုင်းကျေးရွာမှာတစ်မိုင်ခန့် ဝေးကြောင်းလည်း ၄င်းကဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်အား မေးမြန်းရာဖြစ်စဉ်အား မသိရှိသေးကြောင်းပြောသည်။

၄င်းကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှပြောရေး ဆိုခွင့်ရှိသူဗိုလ်မှူးကြီး ဝင်းဇော်ဦးကို နိရဥ္စရာသတင်းဌာနမှ အကြိမ်ကြိမ်ဆက်သွယ်သော်လည်းဆက်သွယ်၍ မရရှိခဲ့ပါ။

ဒဏ်ရာရရှိသူအမျိုးသမီးအား လက်ရှိအချိန်တွင်  စင်းဘောကိုင်းကျေးရွာရှိ ၄င်း၏ နေအိမ်တွင် ဆေးကုသမှု ခံယူနေကြောင်း မိသားစုဝင်များမှ သိရသည်။

-------------------------------------

Unicode



နိရဉ်စရာ၊ ဒီဇငျဘာ ၃၁/၂ဝ၁၉










ဆက်စပ် သတင်းများ