သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မြေပုံမြို့နယ်တွင်တိုက်ပွဲပြင်းထန်၊ ရဟတ်ယာဉ်နှင့်ဂျက်တိုက်လေယာဉ်များဖြင့်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၃၁/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညင်းကျေးရွာအနီး ယနေ့ နေ့လယ် ၃ နာရီခန့်ကစပြီး နှစ်ဘက်ပစ်ခတ်မှုများ ဖြစ်ပွားကာ တပ်မတော်ဘက်မှ ဂျက်တိုက်လေယာဉ်အပါအဝင် ရဟတ်ယာဉ်များဖြင့် အသုံးပြု တိုက်ခိုက်ခဲ့ကြာင်း ဒေသခံများက ပြောသည်။

“ဂျက်တိုက်လေယာဉ်ရော၊ ရဟတ်ယာဉ်တွေနဲ့ရော လာပစ်ပါတယ်။ မိနစ်အနည်းငယ်ကြာကြာ လာပစ်တယ်။ ပြီးရင် ပြန်သွားတယ်။ ခဏနေရင် အပေါ်က လာပစ်တယ်။ အဲဒီလို ပစ်နေပါတယ်။ နှစ်စီးအတူလာပစ်တာတွေလည်း ရှိပါတယ်။ တစ်စီးပြီးရင် တစ်စီးလာပစ်တာလည်း ရှိပါတယ်။” ဟု စညင်းကျေးရွာမှ ဒေသခံတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသောနေရာမှာ စညင်းကျေးရွာနှင့် ၁ မိုင်ခန့်ဝေးကွာသော တောတန်းများတွင် ဖြစ်ကြောင်း၊ ဂျက်လေယာဉ်နှင့် ရဟတ်ယာဉ်တို့မှာ ယင်းတောတန်းများသို့ အပေါ်မှ လှမ်းပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်မှုမှာ နေ့လယ် ၃ နာရီခန့်မှ စတင်ဖြစ်ပွားခြင်းဖြစ်ပြီး ညနေ ၃ နာရီခွဲခန့်မှ ၁ဝ မိနစ်ကြာ ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်ခဲ့ပြီး ၄ နာရီတွင် တစ်ဖန်ပြန်လာကာ မိနစ် ၂ဝ ခန့် ပစ်ခတ်ခဲ့ကြောင်း၊ ညနေ ၆ နာရီခန့်ထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု အဆက်မပြတ် ဖြစ်ပွားနေခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဂျက်လေယာဉ်က ညနေ ၅ နာရီ ၃၄ မိနစ်လောက်က လာပစ်ပါတယ်။ ပြီးရင်ပြန်သွားတယ်။ ခဏနေတော့ လာပစ်တယ် ” ဟု စညင်းကျေးရွာမ ဒေသခံတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီးဝင်းဇော်ဦးအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပါ။

ရက္ခိုင့်တပ်တော်မှ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ၏ သဘောထားအား သိလို၍ နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ အဆက်သွယ်မရရှိသေးပါ။

----------------------

Unicode



နိရဉ်စရာ၊ ဒီဇငျဘာ ၃၁/ ၂ဝ၁၉








ဆက်စပ် သတင်းများ