သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ရသေ့တောင် လောင်းချောင်း နယ်ခြားစောင့်ရဲစခန်း စားဖိုဆောင်မီးရှို့ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 1.5k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဇန်နဝါရီ ၃/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်း လောင်းချောင်းနယ်ခြားစောင့်ရဲစခန်းမှ စားဖိုအဆောင် ယမန်နေ့ ညဉ့်အချိန်က မီးရှို့ခံခဲ့ရသည်ဟု သတင်းရရှိသည်။

၎င်းမီးရှို့မှုမှာ နယ်ခြားစောင့်စခန်းရှိ ရဲတပ်ဖွဲ့ဝင်များ စခန်းမှ ထွက်ခွာသွားပြီးနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံ ကျောင်းဆရာတစ်ဦးကပြောကြားသည်။

“ မနေ့က နေ့လယ်မှာ  နယ်ခြားစောင့်စခန်းမှ ရဲတပ်ဖွဲ့ဝင်တွေကို ဒုံးပိုက်ဖက်လာတဲ့ စစ်ကြောင်းက ခေါ်ယူ သွားပါတယ်။ သူတို့ စခန်းထွက်သွားပြီးနောက် မနေ့က ညဉ့် ၁၁ နာရီကျော်လောက်မှာ စခန်းက စားဖိုဆာင် မီးရှို့ခံခဲ့ရပါတယ်။ အဓိက လောင်သွားတာက စားဖိုဆောင်ပါ” ဟု ၎င်းက ပြောကြားသည်။

သို့သော်လည်း စခန်း၏ ပင်မ အဆောက်အဦမှာ အခိုင်အမာ အုတ်ဖြင့် ဆောက်ထားသော အဆောက်အဦဖြစ်သဖြင့် မီးလောင်ကျွမ်းမှု မရှိဟု ဆိုသည်။

“ လောင်တာက ညဉ့် ၁၁ နာရီကျော်ကနေ ၁၂ နာရီကျော်ထိ လောင်ပါတယ်။ တစ်နာရီကျော်လောက် လောင်ပြီး မီးငြိမ်းသွားတယ်လို့ ပြောပါတယ်။ ဘယ်သူတိုက်တယ်ဆိုတာက ဘယ်သူမှ မပြောနိုင်ဘူး။ ညဉ့် အချိန်ဆိုတော့ ဘယ်သူမှ မပြောနိုင်ဘူး။ စခန်းက လောင်းချောင်းနဲ့ အောင်မရွာအကြားမှာ တည်ရှိပါတယ်” ဟု ပြောဆိုသည်။

တစ်ခြား ဒေသအတွင်းက လူကြီးတစ်ဦးကလည်း မီးရှို့ခံရခြင်းမှာ မှန်ကန်ကြောင်း၊ အဆောင်တစ်ဝက်လောက် မီးလောင်ကျွမ်းသွားကြောင်း၊ ပေါ့ဆမီးမဟုတ်ဘဲ ရှို့မီးဖြစ်ဖို့များကြောင်း ပြောကြားသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေအားဆက်သွယ်ရာ ၎င်းသတင်းအား မရရှိသေးကြောင်း၊ ရသေ့တောင်မြို့နယ် ဒုမြို့နယ်မှူးသို့ ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

လောင်းချောင်းနယ်ခြားရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှာ လောလောဆယ်တွင် အငူမော် ရဲစခန်းဘက်သို့ ရောက်ရှိနေသည်ဟု သိရသည်။

------------------------------

Unicode:



နိရဉ်စရာ၊ ဇနျနဝါရီ ၃/ ၂ဝ၂ဝ









ဆက်စပ် သတင်းများ