သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

တပ်မတော်သား တပ်ကြပ် ၂ ဦးကို AA မှ ပြန်လွှတ်ပေးလိုက်ပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 10.8k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဇန်နဝါရီ ၂၈ / ၂ဝ၂ဝ

ရက္ခိုင့်တပ်တော် (AA) မှ ဖမ်းဆီးထားသည့် တပ်မတော်မှ တပ်ကြပ်အဆင့်ရှိသူ နှစ်ဦးကို ယနေ့ နေ့လယ်က ပလက်ဝမြို့နယ်တွင် ပြန်လွှတ်ပေးလိုက်ပြီဟု သတင်းရရှိသည်။

ရက္ခိုင့်တပ်တော် (AA) မှ ပြောခွင့်ရသူ ဦးခိုင်သုခက “ ဒီကနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်မှာ ပလက်ဝမြို့နယ် ကင်းသလင်းကျေးရွာက လူကြီးတွေရဲ့ လက်ထဲကို မြန်မာစစ်တပ်က ကျနော်တို့ ဖမ်းထားတဲ့ သုံ့ပန်း နှစ်ဦးကို ကောင်းမွန်စွာလွှဲပြောင်း ပေးအပ်လိုက်ပါတယ်။ အသက်အရွယ် ကြီးပြီး ကျန်းမာရေး မကောင်းတဲ့ အတွက် ပြန်လွှတ်ပေးလိုက်တာပါ” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

လွှတ်ပေးလိုင်သူ ၂ ဦးမှာ တပ်ကြပ် ဦးမောင်ထွေး (ကိုယ်ပိုင်နံပတ်- တ/ ၉၂၁၅ဝ၄) အသက် (၄၉) နှစ် နဲ့ တပ်ကြပ် ဦးဇော်ဇော် (ကိုယ်ပိုင်နံပတ် တ ၂၆ဝဝ၆၂ ) အသက် (၅၃) နှစ်တို့ ဖြစ်ကြသည်ဟု ၎င်းက ပြောသည်။

၎င်းတို့ ၁၃ ဦး အဖွဲ့ တွင် ၁၁ ဦးသာ AA ၏ လက်ထဲတွင် ကျန်ရှိတော့သည်ဟု ဆိုသည်။  

၎င်းတပ်မတော်သား ၁၃ ဦးအား နိုဝင်ဘာ ၁၉ ရက် ပလက်ဝမြို့နယ် ပကာဝရွာ၏  အနောက်တောင်ဘက် ၃ ကီလိုမီတာခွဲ အကွာတွင် ကာရာမချောင်း အနောက်ဘက်တောင်တန်း တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့သူများ ဖြစ်ပြီး ၎င်းတို့မှာ တပ်မ ၇၇ လက်အောက်ခံ ခမရ ၃၁၃ စစ်သားများ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ၂ဝ၁၉ ခုနှစ် အတွင်း ဖမ်းဆီးထားသူများအား ၅ ကြိမ်တိတိ လွှတ်ပေးခဲ့ပြီး အရေအတွက်အားဖြင့် ၆၆ ဦးရှိကြောင်း သိရသည်။


---------------------------------

Unicode:



နိရဉ်စရာ၊ ဇနျနဝါရီ ၂၈ / ၂ဝ၂ဝ








 


ဆက်စပ် သတင်းများ