သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ရသေ့တောင် မယူကမ်း အငူမော်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 1.1k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၈/ ၂ဝ၂ဝ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နှင့် အငူမော်ကျေးရွာအနီး ယေနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာနှင့် သာစည်ကုန်းကျေးရွာတို့အကြားတွင် ယနေ့ နံနက် ၈ နာရီခန့်က ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာ့တပ်မတော်တို့ အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

“မနက် ၈ နာရီလောက်က ပစ်နေတာ။ တဖောင်းဖောင်းနဲ့ ပစ်ခတ်သံတွေ ကြားရပါတယ်။ ကျွန်တော်တို့ရွာနဲ့ နီးနီးလေးပါပဲ။ လက်နက်ကြီးနဲ့လည်း လှမ်းပစ်ပါတယ်” ဟု သာစည်ကုန်း ကျေးရွာမှ ဦးသိန်းစိန်မောင်က နိရဥ္စရာသို့ ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် နေရာမှ သာစည်ကုန်းကျေးရွာအနီး ၁ မိုင်ခန့်အကွာရှိ တောင်ဦး ဘုရားအနီး တောင်တန်းများ၌ ဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်မှုများဖြစ်နေစဉ် စစ်တွေမြို့နယ် ပါဒလိတ်ကျေးရွာရှိ တပ်ရင်းကလည်း လက်နက်ကြီး ၅ ကြိမ်ခန့် လှမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အရင်တုန်းကလည်း အခု ပစ်ခတ်မှုတွေဖြစ်တဲ့ နေရာမှာ တိုက်ပွဲဖြစ်ခဲ့တာ ၄ ကြိမ်၊ ၅ ကြိမ်လောက် ရှိပါတယ်။ အခုက သေနတ်ငယ် အသံလိုမျိုးပေါ့နော်။ စက်သေနတ်ပုံစံမျိုး ကြားပါတယ်။ ပါဒလိတ်ရွာဘက်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်ပါတယ်။ ပါဒလိတ်က လှမ်းပစ်တဲ့တပ်ရင်းက ၃၄၄ တပ်ရင်းလို့လည်း ပြောတယ်။ ၂၃၂ တပ်ရင်းလို့လည်း ပြောပါတယ်။” ဟု အငူမော်ကျေးရွာမှ ဦးဖိုးညွန့်က နိရဥ္စရာသို့ ပြောသည်။

အဆိုပါ အငူမော်ကျေးရွာမှာ ပစ်ခတ်မှုဖြစ်ပွားသည့်နေရာနှင့် ၂ မိုင်ခန့် ဝေးကွာပြီး ပစ်ခတ်မှုမှာ ယနေ့ နံနက် ၁၁ နာရီခွဲခန့်က ရပ်ခဲ့ကြောင်းလည်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းအား ဆက်သွယ်ခဲ့သော်လည်း ၄င်းအနေဖြင့် တိုက်ပွဲသတင်းများအား မသိရကြောင်း ပြောသည်။

ရက္ခိုင့်တပ်တော် (AA) မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခအား နိရဥ္စရာမှ ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ်မရရှိသေးပါ။

------------------------------

Unicode:



နိရဉ်စရာ၊ ဖဖျေောဝါရီ ၈/ ၂ဝ၂ဝ










ဆက်စပ် သတင်းများ