သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ရမ်းဗြဲကျောက်ဆောက်အနီးကားလမ်းပေါ်မှ ပေါက်ကွဲသံနှင့် အတူ လက်နက်ငယ်ပစ်သံကြားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 1k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂ဝ/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်ဆောက်ကျေးရွာအနီး ကားလမ်းပေါ်မှ ယနေ့ နေ့လယ် ၁၂ နာရီခန့်က ပေါက်ကွဲသံ နှစ်ချက်နှင့် အတူ သေနတ်ပစ်ခံအချို့ကို ကြားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ကျောက်ဆောက်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းသို့ ဆက်သွယ်ရာ “ ပေါက်ကွဲသံ နှစ်ချက်ကို ကျောက်ဖြူ- ရန်ကုန်ကားလမ်း စမ်းတွင်းဆိုတဲ့ နေရာနားက ကြားလိုက်ရပါတယ်။ နေ့လယ် ၁၂ နာရီကျော်လောက်မှာပါ။ ပီးရင် လက်နက်ငယ် နှစ်ချက် သုံးချက်ကြားလိုက်ပါတယ်” ဟု ပြောကြားသည်။

သို့သော်လည်း မည်သည့်အတွက်ကြောင့် ပေါက်ကွဲမှု ဖြစ်သည်ကို မသိရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ ခဏကြာတော့ စစ်သားတွေ ရွာထဲကို ဝင်လာတာရှိပါတယ်။ ရွာသားတွေကတော့ ဘယ်မှ ထွက်မပြေးကြဘူး။ ကိုယ့်အိမ်မှာကိုယ်နေကြပါတယ်။ သူတို့ကလည်း ဘာမှ စိုးရိမ်စရာ မရှိဘူးလို့ ပြောပါတယ်” ဟု ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အတည်ပြုချက်ရယူနိုင်ရန် ရမ်းဗြဲမြို့နယ်ရဲစခန်း တာဝန်ရှိ ရဲအရာရှိကြီး တစ်ဦးသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိသလို ရမ်းဗြဲမြို့နယ် အမှတ်(၁) မဲဆန္ဒနယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် ရခိုင် ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီး ဦးကျော်လွင်သို့ ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။

---------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၂ဝ/၂ဝ၂ဝ








ဆက်စပ် သတင်းများ