သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်တွင်ပစ်ခတ်မှုဖြစ်၍ အရပ်သား ၃ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 4.6k

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၂၂/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ယနေ့ ည ၉ နာရီ မိနစ် ၅ဝ ခန့်က ပစ်ခတ်မှုဖြစ်၍ အရပ်သား ၃ ဦးဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရသူ ၃ ဦးထဲတွင် အမျိုးသမီး နှစ်ဦးနှင့် ကလေးငယ်  တစ်ဦးတို့ ပါဝင်သည်။

ကျောက်တော်မြို့ခံတစ်ဦးက “ပစ်ခတ်မှုဖြစ်လို့ ရွာသားသုံးယောက် ဒဏ်ရာရတယ်။ အဖွားအို တစ်ဦးလည်း ပါတယ်။ တအိမ်တည်းက။ ပိုက်သည်ရပ် ဒုံးချောင်းပိုင်းက။ အဲဒါက ဆေးရုံရောက်မှ အသေးစိတ် သိရလိမ့်မယ်” ဟုပြောသည်။

ကျောက်တော်မြို့ ဖြူစင်မမေတ္တာပရဟိတအသင်း ဥက္ကဋ္ဌ ကိုညီပုထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ထိုသတင်းမှာ ဟုတ်မှန်ကြောင်းအတည်ပြုပြောကြားသည်။

“မှန်ပါတယ်။ ကျနော်အခု ကားနဲ့ သွားယူလို့ ဆေးရုံကိုရောက်နေပါပြီး။ ကျနော်တို့အခု သူတို့အတွက် အလုပ်များနေတယ်။ လူနာမည်ရပါလိမ့်မယ်။ အခု လောလောဆယ် အရေးကြီးနေလို့ပါ။ နည်းနည်းတော့ စောင့်ရမယ်” ဟု ကိုညီပုက ပြောသည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်အားသိရှိရန် ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ ယနေ့ ၁ဝ နာရီခန့်ကဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။

ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်သို့ ဆက်သွယ်ရာ ကျောက်တော်မြို့ထွက်ဝ ကန်ကြီးရှင်ဘုရားအနီးတွင် ပစ်ခတ်သံများကြားရပြီး  လူသုံးဦး ဒဏ်ရာရရှိသည်ဟု ကြားသိရကြောင်း ပြောဆိုသည်။

----------------------------

Unicode:












ဆက်စပ် သတင်းများ