သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မင်းပြား ရာမောင်တံတားအနီးတိုက်ပွဲ စစ်ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 1.8k

နီမင်းထွန်း
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၅/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး ယနေ့ နံနက်က စတင်ဖြစ်ပွားနေသော တိုက်ပွဲမှာ ပြင်းထန်နေပြီး နေ့လယ် ၁ နာရီခွဲခန့်က ရဟတ်ယာဉ်ဖြင့် လာရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “တိုက်ပွဲက မနက် ၁၁ နာရီလောက်ကနေ ဖြစ်နေတာ။ အခု နေ့လယ် ၁ နာရီခွဲမှာ ရဟတ်ယာဉ် တစ်စီးနဲ့လာပစ်တယ်။ ဖြစ်နေတာက ဖားပျော်ရွာနားမှာ။ ဖားပျော်ရွာမှာ လူမရှိတော့တာကြာပြီ အကုန်လုံးထွက်ပြေးခဲ့တာ။ အခု အနီးအနားက ကျေးရွာတွေက ရွာသားတွေ ရွာထဲကိုကျည်တွေ လာကျမှာစိုးရိမ်လို့ နီးစပ်ရာကို ထွက်ပြေးနေကြတယ်”ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

မြစ်နားရွာ ဒေသခံ တစ်ဦးက “ အခုရွာကလူတွေ အိမ်အောက်က ဗုံးကျင်းမှာ ဝပ်နေကြရပါတယ်။ ကျွန်တော်တို့ ရွာပေါ်က ဝဲပျံပြီး ပစ်နေပါတယ်။ ၆ ခေါက်လောက်ရှိနေပါပြီ။ ဝဲတယ်၊ ပျဲတယ်။ ပစ်တယ်။ ကျွန်တော်တို့ရွာထဲကို ကျည်ခွံတွေကျလာပါတယ်။ ကျွန်တော်တို့ရွာအနီးက ရာမောင်တောင်တန်းကို ပစ်နေတာပါ” ဟု နေ့လယ် ၁ နာရီကျော်က ဖုန်းဆက် ပြောကြားသည်။

၎င်းတောင်တန်းကိုရာမောင်တောင်တန်းဟု ခေါ်ကြောင်း၊ ရာမောင်တံတားနှင့် မျက်မှောင်တော် ဘုရားအကြားတွင် ဖြစ်နေခြင်း ဖြစ်ကြောင်း၊ တပ်မတော် စစ်ကြောင်းမှ ယမန်နေ့ကတည်းက  ၎င်းတောင်တန်းဘက်ကို ဝင်ရောက်မှုများရှိနေရာမှ ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲ ဖြစ်ပွားခြင်းဟု ဆိုသည်။

ယနေ့နံနက် ၅ နာရီခန့်ကလည်း မင်းပြားမြို့နယ် ကုလားမတောင်အနီး မင်းပုန်းတောင်ထက်မှ လက်နက်ကြီးပစ်၍ ကျေးရွာပတ်ဝန်းကျင်အနီးတွင် ကျခဲ့သောကြောင်းလည်း စိုးရိမ်နေရသည်ဟု ၄င်းကဆက်ပြောခဲ့သည်။

၄င်းကိစ္စနှင့်ပတ်သက်၍ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကလည်း ဒေသခံများလာပြော၍ ကြားသိရကြောင်း ပြောသည်။
 
မင်းပြားမြို့နယ်သည် အင်တာနတ်လိုင်းဖြတ်တောက်ခံထားရပြီး ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲအပြင်အထန်ဖြစ်ပွားနေသည့်မြို့တစ်မြို့ ဖြစ်သည်။

၄င်း ရာမောင်တံတားအနီးတွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ ကြောင်း ဒေသခံများက ပြောကြားသည်။

----------------------------

Unicode:



နိရဉ်စရာ၊ ဖဖျေောဝါရီ ၂၅/၂ဝ၂ဝ






 


ဆက်စပ် သတင်းများ