သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်တွင် စစ်ရေးတင်းမာမှုများရှိနေ၍ ကျေးရွာသားတချို့ ထွက်ပြေးတိမ်းရှောင်မှုများရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 2.9k

ပိုးဝါ
နိရဥ္စရာ၊ ဇန်နဝါရီ ၁၇/၂၀၂၂

ကျောက်တော်မြို့နယ် မြောက်ပိုင်း ပီထုကျေးရွာအနီး ဝန်းကျင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာတပ်မတော်တို့အကြား စစ်ရေးတင်းမာမှုများရှိနေသဖြင့် ဒေသခံရွာသားများ ထွက်ပြေး တိမ်းရှောင်မှုများရှိနေသည် ပီထုရွာသား တစ်ဦးက ပြော ပြောသည်။
"စစ်သားတွေက မပြန်သေးဘူး။ အခုထိရှိသေးတယ်။ လမ်းသွားလမ်းလာတွေကိုလည်း ပိတ်ထားတယ်။ ဒီနေရာမှာဖြစ်သွားရင် ကျွန်တော်တို့ရွာသားတွေထိခိုက်မှုရှိမယ်လေ။ အခု မိန်းမနဲ့ ကလေးကိုတော့ ကျောက်တော်မြို့ကို ပြောင်းထားလိုက်ပြီ"ဟု ပြောသည်။

ကျောက်တော်မြို့နယ်၊ ပီထုကျေးရွာမှ ၁ မိုင်ခန့်အကွာ ဘစုံခြံခွန်တောင်တွင် စစ်တပ်များနေရာယူထားပြီး နောက် ရက္ခိုင့်တပ်တော်(AA)တို့နှင့်  နှစ်ဖက်စစ်တပ်အခြေနေတင်းမာမှုရှိနေသည်ဟု ၎င်းပီထုကျေးရွာသားက ပြောသည်။ထိုကဲ့သို့ စစ်ရေးတင်းမာနေသဖြင့် လမ်းတစ်လျှောက် မ်းသွားလမ်းလာတစ်ဦး တစ်ယောက်မှ မရှိတော့ကြောင်  သွားလာမှုကို ယာယီရပ်နားထားကြောင်း အမည်မဖော်လိုသူဒေသခံတစ်ဦးက ပြောသည်။

"အခြေအနေကတော့ အခုထိတော့ မငြိမ်သေးပါဘူး။ နည်းနည်းတင်းမာနေပါတယ်။ လမ်းသွား လမ်းလာတွေကတော့ မသွားရဲကြဘူး။ လောလောဆယ် ဟိုဖက်ဒီဖက်ကျော်ခွင့်မပြုထားဘူး" ဟု ပြောသည်။

မည်သည့်အဖွဲ့အစည်းက သွားလာခြင်းမပြုရန် တားမြစ်ထားသည်ကို အတိကျမသိသော်လည်း စစ်တပ်ရှိနေသည့်အတွက် ဒေသခံများ မသွားလာရဲဘဲ ဖြစ်နေကြပြီး သူကိုယ်တိုင် လမ်းလွှဲမှ တစ်ခုမှ ရွာကို ပြန်ခဲ့ရကြောင်း ကျောက်တော်မှပြန်လာသည့် ကိုဝင်းနိုင်က နိရဥ္စရာကိုပြောသည်။

"ပထမ ကျွန်တော်တို့လာတုန်းကလမ်းက သွားလို့အဆင်မပြေတော့လို့ အခုနောက်တစ်လမ်းက ပြန်နေပါတယ်။ အဲ့ဒီလမ်းရဲ့အခြေအနေကို မျက်စိတမြင် ကြည့်လိုက်တော့ သွားတာလာတာတွေလည်း မမြင်ရပါဘူး။ လမ်းပေါ်မှာ လူတစ်ယောက်မှ မရှိဘူး။ ဒါပေမယ့် ဘယ်ဘက်ကပိတ်ထားတာလဲတော့ မပြောတတ်ဘူး" ဟု ပြောသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးထွန်းဝင်းက "သေချာတာကတော့ ဒီနေ့ ပုံမှန်နေ့တွေထက်ထူးတယ်လို့ ထင်တယ်။ မြို့ထဲကတော်တော်များများ တချို့နေရာတွေမှာ စစ်တပ်ကနေရာယူထားတာလည်း တွေ့ရတယ်။ တဆင့်စကားအရ ရေကြောင်းမှာလည်း(ဇက်)စစ်ရေယာဥ် သုံး၊ လေး စီးသွားတယ်လို့ ကြားရတယ်။ ပီချောင်းဖက်က အလုပ်လုပ်နေတဲ့တချို့လည်း နေ့တစ်ဝက်လောက်ကနေပြန်ကြတယ်။ အဲ့ဒီဖက်ကအလုပ်လာလုပ်တဲ့လူတချို့ကလည်း ဒီနေ့မလာနိုင်တော့ဘူးဆရာ အခက်ခဲ တချို့ရှိတယ်ဆိုပြီး ပြောတယ်။ ပုံမှန်အခြေအနေထက် ထူးထူးခြားခြားကို စိုးရိမ်နေကြတာတွေ့ရတယ်။ မြို့ထက်ကကျောင်းတက်နေတဲ့ကျောင်းတချို့လည်း တဝက်တပျက်နဲ့ပြန်လွှတ်လိုက်တာတွေ့ရတယ်"ဟု နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA )နှင့် မြန်မာတပ်မတော်တို့ကြား ၂၀၁၈ ခုနှစ်က စတင်ကာ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ဒုတိယပတ်တွင်ရပ်နားခဲ့ကာ လက်ရှိတွင် တိုင်ပွဲဖြစ်ပွားခြင်းမရှိတော့သော်လည်း နှစ်ဖက်တင်းမာမှုများ ရံဖန်ရံခါ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ