သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်ပီထုရွာမှ ဆုတ်ခွာသွားသောစစ်ကြောင်း ဝင်စုရွာဘုန်းတော်ကြီးကျောင်းတွင် ထပ်မံတပ်စွဲ၍ရွာသားအများစု တိမ်းရှောင်နေရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 4.1k

 ပိုးဝါ

နိရဥ္စရာ၊ ဇန်နဝါရီ ၁၈/၂၀၂၂

 

ကျောက်တော်မြို့နယ် ပီထုရွာအနီးမှ ဆုတ်ခွာသွားခဲ့သော စစ်ကြောင်းသည် လက်ရှိအချိန်ထိ ဝင်စုကျေးရွာဘုန်းတော်ကြီး ကျောင်းတွင် ထပ်မံတပ်စွဲနေ၍  စိုးရိမ်ကာ ရွာသားအများစုမှာ ရွာထဲကနေ တိမ်းရှောင်သွားကြည်ဟု သတင်းရရှိသည်။

 

ဝင်စုဒေသခံတစ်ဦးက "ရွာသားတွေကတော့ စိုးရိမ်စိတ်တွေရှိကြတာပေါ့။ ဝင်စုရွာသားတွေ ထွက်ပြေးနေကြတယ်။ ပီထု ရွာသားတွေ နဲ့ ငါးဆောင်ဖက်ကရွာသားတွေပါ အစခပ်သိမ်းပေါ့။ ဝင်စုရွာမှာက သုံးပုံ ပုံလို့ တစ်ပုံလောက်သာ ကျန်တော့တယ် ကျောက်တော်မြို့ ရှမ်းရွာအပြင်ပိုင်းတွေတောင် လူမရှိကြတော့ဘူး "ဟု ပြောသည်။

 

မန်နေ့ ညနေပိုင်းတွင် ၎င်းစစ်ကြောင်းသည်  ထော်လာဂျီသုံးစီးနှင့် ရွာထဲသို့ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းတွင်တပ်စွဲကာ ရွာရှေ့၊ ရွာနောက်လုံခြုံရေးများချကြောင်း မျက်မြင် ဒေသခံများက ပြောသည်။

 

ယမန်နေ့ ဇန်နဝါရီ ၁၈ ရက်နေ့က ပီထုကျေးရွာအနီး ဘက်စုံခြံတွင် တပ်စွဲထားသည့်စစ်ကြောင်း နှင့် ရက္ခိုင့်တပ်တော် (AA)တို့ကြား နှစ်ဘက်အခြေနေတင်းမာမှုများရှိခဲ့ပြီး ယမန်နေ့  ညနေပိုင်းတွင် ဘက်စုံခြံတောင်မှ မြန်မာစစ်တပ်နောက်ဆုတ်သွားခဲ့ပြီးနောက် ဝင်စုကျေးရွာသို့ဝင်ရောက်လာခြင်းဖြစ်သည်။

 

စစ်ကြောင်းမှာ ပီထုရွာအနီးမှ ဆုတ်ခွာသွားသဖြင့် ယာယီရပ်နားထားသည့် ပီချောင်းကားလမ်တွင် ယနေ့ ပုံမှန်အတိုင်းပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း ပီထုရွာမှဒေသခံတစ်ဦးက နိရဥ္စရာကို ပြောသည်။

 

ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA )နှင့် မြန်မာတပ်မတော်တို့ကြား ၂၀၁၈ ခုနှစ်က စတင်ကာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ဒုတိယပတ်တွင်ရပ်နားခဲ့သည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် မောင်တောမြောက်ပိုင်းတွင် စစ်တပ်ဖက်မှနယ်ကျော်လာ၍ တိုက်ပွဲတဖန်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် တိုင်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း နှစ်ဖက်တင်းမာမှုများရှိနေဆဲဖြစ်သည်။


(ဓာတ်ပုံ- ယခင်ပုံဟောင်း)

ဆက်စပ် သတင်းများ