- Web Master
- ၀၂ အောက်တိုဘာ ၂၀၂၄
တောင်ကိုးရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့မှ စစ်သားတစ်ဦး မြောက်ကိုးရီးယားဘက်ခြမ်းသို့ ဇူလိုင် ၁၈ရက်နေ့က ထွက်ပြေးသွားသည်ဟု သိရသည်။
အဆိုပါ အမေရိကန်စစ်သားမှာ စည်းကမ်းဖောက်ဖျက်သည့် ပြစ်မှုဖြင့် အမေရိကန်သို့ ပြန်ပို့စဉ် လေဆိပ်မှ ထွက်ပြေးသွားပြီး နှစ်နိုင်ငံ နယ်ခြားဒေသ စစ်မဲ့ဇုန်မှတစ်ဆင့် မြောက်ကိုးရီးယားဘက်ခြမ်းသို့ ကူးသွားခဲ့ခြင်းဖြစ်သည်။
အသက် ၂၃ နှစ်အရွယ် အမေရိကန်စစ်သည် ပရိုက်ဗိတ် ကင်း သည် ထိုးကြိတ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် ဇူလိုင် ၁၀ ရက်နေ့က တောင်ကိုးရီးယားအကျဉ်းစခန်းမှ လွတ်မြောက်လာခဲ့သည်။
၄င်းအာ အမေရိကန်ရှိ မိခင်တပ်ရင်းထံ ပြန်ပို့စဉ် အင်ချွန်းလေဆိပ်အရောက် ထွက်ပြေးသွားပြီး တောင်-မြောက် ကိုးရီးယား စစ်မဲ့ဇုန်သို့ သွားရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည်အုပ်စုနှင့် ရောနှောလိုက်ပါကာ နယ်စပ်အရောက် တစ်ဖက်ခြမ်းသို့ ကူးသွားခဲ့ခြင်းဖြစ်သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး အယ်လွိုက် အော်စတင်က အမေရိကန်စစ်သည် “ကင်း”သည် ခွင့်ပြုချက်မရှိဘဲ ၄င်း၏ ဆန္ဒအလျောက် မြောက်ကိုးရီးယားဘက်သို့ ကူးသွားခြင်းဖြစ်ကြောင်း၊ ၄င်းအား မြောက်ကိုးရီးယားက ထိန်းသိမ်းထားပုံရကြောင်းပြောကြားခဲ့သည်။
အမေရိကန် နှင့် မြောက်ကိုးရီးယားတို့အကြား တင်းမာမှုမြင့်တက်နေချိန်တွင် ယခုကဲ့သို့ ကူးဖြတ်မှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ယခုရက်ပိုင်းအတွင်း တိုက်ချင်းပစ် နျူးကလီးယားဒုံးပျံများ တင်ဆောင်လာသည့် အမေရိကန်ရေငုပ် သင်္ဘောတစ်စီး တောင်ကိုးရီးယားသို့ ရောက်ရှိလာသလို မြောက်ကိုးရီးယားကလည်း ဂျပန် ပင်လယ်ပြင် အတွင်းသို့ တိုက်ချင်းပစ် ဒုံးပျံပစ်ခတ်စမ်းသပ်မှု နှစ်ခုပြုလုပ်ခဲ့သည်။
NN-27
ref:bbc/CAN