သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

တစ်တိုင်းပြည်လုံး ရေကြီး၍ ဒုက္ခရောက်နေချိန် စစ်ကောင်စီက ဗုံးကြဲ၍ သိန္နီတွင် အရပ်သား ၅ ဦး သေဆုံးကာ ၈ ဦးဒဏ်ရာရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 611

နိရဉ္စရာ၊ စက်တင်ဘာ ၁၄/၂၀၂၄

တစ်တိုင်းပြည်လုံး ရေကြီး၍ ဒုက္ခရောက်နေချိန်တွင် အကြမ်းဖက်စစ်ကောင်စီက ရှမ်းပြည်နယ် သိန္နီခရိုင်၊ သံလွင်နယ် နမ့်ပေါင် ကို ဗုံးကြဲ၍ အပြစ်မဲ့ အရပ်သား ၅ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိသွားကြောင်း MNDAA ကသတင်းထုတ်ပြန်သည်။

မြန်မာစစ်တပ်က သိန္နီရှိ၊ နန်ဘိုင်းရွာကို စက်တင်ဘာလ (၁၃)ရက် ည၇ နာရီတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုတွင် တိုက်လေယာဉ်နှစ်စင်း ပါဝင်ပြီး ကောင်းကင်ပေါ်၌ အကြိမ်ပေါင်းများစွာ လှည့်ပတ်နေပြီးနောက် လူများစုဝေးရာ လူနေရပ်ကွက်များ သို့ ဗုံးသုံးလုံးပစ်ချခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် အပြစ်မဲ့ပြည်သူ ၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ ၃ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း၊ အပြစ်မဲ့ပြည်သူများ၏ နေအိမ်တချို့ပျက်စီးခဲ့ကြောင်း ကယ်ဆယ်ရေးတွင် ပါဝင်သည့် ဝန်ထမ်းများကို ကိုးကားပြီး သတင်းထုတ်ပြန်ချက်တွက် ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏  တိုက်လေယာဉ်များ ဗုံးကြဲသည့်နေရာ သို့မဟုတ် အနီးတစ်ဝိုက်တွင် စစ်အခြေစိုက်စခန်းများ၊ အုပ်ချုပ်မှုကော်မတီဌာနများ မရှိဟုဆိုသည်။


ဆက်စပ် သတင်းများ