- Web Master
- ၂၇ စက်တင်ဘာ ၂၀၂၄
(AA က စခန်းထဲမှ ၆၆ မမ ကျည် ၆လုံး၊ မိုင်းလက်နက် ၁၅လုံးတို့ကိုသိမ်းဆည်းပြီး စခန်းများကို မီးရှို့)
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဗျူဟာကုန်း တစ်ခုအပါအဝင် စစ်ကောင်စီတပ်စခန်းနှစ်ခုသည် ရက္ခိုင့်တပ်တော်(AA)မှ ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ယနေ့တွင် စခန်းကို စွန့်ခွာသွားခဲ့ကြသည်ဟု သတင်းရရှိသည်။
စခန်း ၂
ခုမှာ ၎င်းပေါက်တောပြင်ကျေးရွာအနီးရှိ ပေါက်တောပြင်ဗျူဟာကုန်းတပ်
ယနေ့နိုဝင်ဘာလ ၁၄ရက်၊ နေ့လယ် ၂နာရီကျော်အချိန်ခန့်က စစ်သားများ ၎င်းစခန်း ၂ ခုအား စွန့်ခွာသွားပြီးနောက် ရက္ခိုင့်တပ်တော်က စခန်းနှစ်ခုစလုံးကို ဝင်ရောက်ကာ ကျန်နေခဲ့သည့် ၆၆ မမ ကျည် ၆လုံး၊ မိုင်းလက်နက် ၁၅လုံးတို့ကို သိမ်းဆည်းပြီး စခန်းများကို မီးရှို့လိုက်သည်ဟု သိရသည်။
"မီးကတော့ အခုထိလောင်နေသေးတယ်။ ပိန္နဲတော တပ်စခန်း နှစ်ဆောင်ကတော့ မီးငြိမ်းသွားပြီ။ ပေါက်တောပြင် ဗျူဟာကုန်းတပ်စခန်းကတော့ အခုချိန်ထိမီးလောင်နေသေးတယ်" ဟု မျက်မြင် ဒေသခံတစ်ဦးက ပြောသည်။
၎င်းစခန်းမှ စွန့်ခွာသွားသော စစ်သားများသည် ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ (၅၅၀)တပ်၊ လက်ဝဲစာတိုက်နှင့် အောင်သာစည်ကြားတပ်စွဲထားသည့် တံတားဦးတောင်ပေါ်သို့ ဆုတ်ခွာသွားခဲ့ကြခြင်းဖြစ်သည်ဟု
နိုဝင်ဘာလ ၁၃ရက်နေ့က ရသေ့တောင်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင်ဖြစ်ပွ
"တောင်ပေါ်တွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းက တပ်သားတွေက ဘယ်အချိန် တပ်ဆုတ်သွားလဲတော့မသိ
ပိန္နဲတောစစ်ကောင်စီ တပ်စခန်းမှ ၆၆ မမ ကျည်
၆လုံး၊ မိုင်းလက်နက် ၁၅လုံးတို့ကို ရက္ခိုင့်တပ်တော်(AA)မှ သိမ်းဆည်းရမိသည်ဟု သိရသည်။
စစ်ကောင်စီတပ်သည် နိုဝင်ဘာလ (၁၃) ရက်နေ့ တစ်ရက်တည်းအတွင်း ရခိုင်ပြည်နယ်တွင် နယ်ခြားစောင့်တပ်စခန်း၊ ရဲစခန်းအပါဝင် စခန်းပေါင်း (၄၀) နီးပါးကို စွန့်လွှတ်ခဲ့ရပြီး စစ်ပွဲများတွင် အရှုံးများဖြင့် ရင်ဆိုင်နေရသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က ယနေ့ နိုဝင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။(NN-12)
ပုံစာ - ဗျူဟာကုန်းမီးလောင်နေသည်ကိုတွေ့ရစဉ် (Photo Credit: Khaing Pray Twan)