သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ထိုင်းတွင် နိုင်ငံခြားသားများ ကွန်ဒိုအခန်း၀ယ်မှု၊ မြန်မာက ရုရှားကို ကျော်တက်ကာ ဒုတိယအများဆုံးဖြစ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၁၇/ ၂၀၂၄

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ ကွန်ဒိုအခန်း၀ယ်မှုတွင် မြန်မာက ရုရှားကို ကျော်တက်ကာ ဒုတိယအများဆုံး ကွန်ဒိုအခန်း၀ယ်ယူသည့် နိုင်ငံဖြစ်လာသည်။

ထိုင်းနိုင်ငံတွင်နိုင်ငံခြားသားများ ကွန်ဒိုအခန်း၀ယ်ယူမှုတွင်တရုတ်နိုင်ငံသားများက အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံသားများက ရုရှားကိုကျော်တက်ကာ ဒုတိယအများဆုံး ကွန်ဒိုအခန်း၀ယ်ယူသည့် နိုင်ငံဖြစ်လာကြောင်းThe Nation က ဖော်ပြချက်အရ သိရသည်။

ထိုင်းနိုင်ငံ၏အိမ်ခြံမြေဈေးကွက်တွင် ယခုနှစ်ပထမသုံးလပတ် (ဇန်နဝါရီလမှ မတ် လထိ)တွင် စုစုပေါင်း ဘတ် (၁၈.၀၂)ဘီလီယံတန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း (၃၉၃၈) ခန်း ကို နိုင်ငံခြားသားများက ဝယ်ယူခဲ့ကြရာတွင်မြန်မာနိုင်ငံသားများက အခန်းပေါင်း (၃၉၂) ခန်း၊ဘတ်ငွေ (၂ .၂၁) ဘီလီယံ ဖြင့်ဒုတိယအများဆုံးဖြစ် သည်။

နိုင်ငံခြားသားများသို့ ရောင်းချသည့် ကွန်ဒိုအခန်းအရေအတွက်သည် ယမန်နှစ် ကာလတူထက် ၄ ဒသမ ၃ ရာခိုင်နှုန်းနှင့် တန်ဖိုးပမာဏသည် ၅ ဒသမ ၂ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း အိမ်ခြံမြေသတင်းအချက် အလက်စင်တာ က မေလ(၁၆)ရက် တွင်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင်နိုင်ငံခြားသားများ ကွန်ဒိုအခန်း၀ယ်ယူမှုတွင် တရုတ်နိုင်ငံသားများက အခန်းပေါင်း (၁၅၉၆)ခန်း၊ဘတ်ငွေ (၄.၅၇)ဘီလီယံ ဖြင့် ထိပ်ဆုံးမှ ရပ်တည်နေကြောင်း ၊မြန်မာနိုင်ငံသားများက အခန်းပေါင်း (၃၉၂) ခန်း၊ဘတ်ငွေ (၂ .၂၁) ဘီလီယံ ဖြင့်ဒုတိယအများဆုံးနှင့် ရုရှားနိုင်ငံသားများက (၂၉၅)ခန်း၊ဘတ်ငွေ (၉၂၄)သန်းဖြင့်တတိယ အများဆုံး ဖြစ်ကြောင်းအိမ်ခြံမြေသတင်းအချက် အလက်စင်တာ က ပြောဆိုသည်။ Source/ The Nation

ဆက်စပ် သတင်းများ