သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

အမေရိကန် မီချီဂန်အထက်တန်းကျောင်းတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွား၍ ကျောင်းသား ၃ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.9k

နိရဉ္စရာ၊ ဒီဇင်ဘာ /၂၀၂၁(နိုင်ငံတကာ)

အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် ဒက်ထရိုက်မြို့ငယ်အနီး အထက်တန်းကျောင်း တစ်ခုတွင် နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုအတွင်း ကျောင်းသား ဦး သေဆုံးပြီး ဦး ဒဏ်ရာရရှိခဲ့ကြောင်း တင်းရရှိသည်။

သေနတ်ပစ်ခတ်မှုသည် ဒက်ထရိုက်မြို့ မြောက်ဘက် ၅၀ ကီလိုမီတာအကွာရှိ အောက်စ်ဖို့ဒ်မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်မီဒီယာများက ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား ဖော်ပြ ထားသည်။

သေဆုံးသွားသူ အထက်တန်းကျောင်းသား သုံးဦးမှာ သက် ၁၆ နှစ်အရွယ် ယောက်ျားလေးတစ်ဦး၊ ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ၁၄ နှစ်အရွယ် မိန်းကလေးတို့ဖြစ်ကြောင်း လက်အောက်ခံ ရဲအရာရှိ Michael McCabe က အခင်းဖြစ်ပွားရာနေရာတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

အရာအားလုံးဟာ ငါးမိနစ်ပဲ ကြာပါတယ်ဟု ဖြစ်ပွားချိန်နှင့် ပတ်သက်ပြီး ၎င်းက ပြောဆိုသည်။

မီချီဂန် အထက်တန်းကျောင်းတွင် ဆီမီးမောင်းပြန်ရိုင်ဖယ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊  အသက် ၁၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦးကို အမြန် ဖမ်းဆီးရမိခဲ့ကြောင်း သံသယရှိသူမှာ ကျောင်းမှ ဒုတိယနှစ်ကျောင်းသားဖြစ်ပြီး တစ်ယောက်တည်း ကျူးလွန်သည်ဟု ယူဆရကြောင်၊ သေနတ်ဖြင့် အချက်  ၁၅ မှ ၂၀ ထိ ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းပြစ်မှုကျူလွန်သူသည် သေနတ်ကိုင် ထားသော်လည်း ဖမ်းဆီးချိန် ခုခံမှုမရှိဘဲ ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတာဝန်ရှိသူများက ပြောကြားခဲ့သည်။

လက်ရှိတွင် ယင်းအမှုအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်နေသည်။

ပြစ်မှုကျူးလွန်သူဟု သံသယရှိသည့် လူငယ်လေးသည် ၎င်းတစ်ဦးတည်း ပြစ်မှုကျူးလွန်ခြင်း ဖြစ်သည်ဟု ယူဆရပြီး ပြစ်မှုကျူးလွန်သည့် အကြောင်းအရင်းကို လတ်တလော ရှင်းလင်းစွာ မသိရသေးကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ဒဏ်ရာရသူ ဦးတွင် ဆရာ ဦး ပါဝင်ကြောင်း၊ ဒဏ်ရာရသူ ဦးသည် ခွဲစိတ်ကုသမှုခံယူနေပြီး ကျန် ဦးမှာ အခြေအနေတည်ငြိမ်ကြောင်း ဆိုသည်။

ယခုဖြစ်ပွားသည့် သေနတ်ပစ်ခတ်မှုသည် ၂၀၂၁ ခုနှစ် အမေရိကန်၌ ဖြစ်ပွားသည့် အဆိုးဝါးဆုံး စာသင်ကျောင်းဝင်းအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ကြောင်း အမေရိကန် သေနတ်ထိန်းချုပ်ရေး ထောက်ခံမှုအဖွဲ့ “Everytown for Gun Safety”က ပြောကြားသည်။

ယင်းအဖွဲ့၏စာရင်းများအရ ယခုနှစ်အတွင်း အမေရိကန်နိုင်ငံ ဒေသအသီးသီးတွင် ကျောင်းဝင်းအတွင်း သေနတ်ပစ်ခတ်မှု ၁၄၀ နီးပါးဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ရေးသားထားသည်။

(Three students shot dead, eight people wounded at Michigan high school; suspect arrested/ Reuters)

ဆက်စပ် သတင်းများ