- Web Master
- ၀၆ သြဂုတ် ၂၀၂၄
သဥ္ဇာနွယ်/ နိရဥ္စရာ၊မေ ၁/ ၂၀၂၄
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီတပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ထိမှန်၍ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူမှာ ဒုံးချောင်းရွာ(ရခိုင်) ရွာမှ ဒေါ်မြဝင်း အသက် (၃၆)နှစ်ဖြစ်သည်။
ဒုံးချောင်း(ရခိုင်)ကျေးရွာ
“ အဲ့ဒီတပ်ရင်းက လက်နက်ကြီးကျည် သုံးလုံးပစ်တာ။ တစ်လုံးက ရွာထဲကိုကျတယ်။ ကျည်စက ဒေါ်မြဝင်း ဘယ်ဖက်လက်နဲ့ ဝမ်းဗိုက်ကို လာထိမှန်လို့ ပွဲချင်းပြီးသေသွားတယ်” ဟုပြောသည်။
ဘူးသီးတောင်မြို့နယ်က တပ်ရင်းများအားလုံးကို အာရက္ခတပ်တော်(AA)မှ အရှိန်အဟုန်းပြင်းစွာ တိုက်ခိုက်
ဒေသခံများမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး စားဝတ်နေရေးအကျပ်အတည်းနှင့်
ရင်ဆိုင်နေရသည်ဟု ဘူးသီးတောင်ဒေသခံ အမျိုးသမီးတစ်
“ တိုက်ပွဲတွေက နေ့တိုင်းရှိနေတယ်။ လက်နက်ကြီးတွေနဲ့လည်း နေ့တိုင်းပစ်တယ်။ ရွာသားတွေ အများစုကတော့ ရှောင်သွားကြပြီ။
စစ်ဘေးရှောင်ရတော့ စားတတ်နေရေးတွေ ကျပ်တည်းတာမျိုး
လက်ရှိ AA တိုက်ခိုက်နေသော
တပ် ရင်းများမှာ ဘူးသီးတောင်အခြေစိုက် စကခ(၁၅) လက်အောက်ခံ ဖြစ်ကြသည့် ခြေမြန်တပ်ရင်း
(ခမရ) ၃၄၅၊ ၃၅၂၊ ၃၅၃၊ ၅၃၅၊ ၅၅၁ ၊ ၅၅၂၊ ၅၆၄၊ ၅၆၅ တပ်ရင်းများအပါအဝင် ခြေလျင်တပ်ရင်း
(ခလရ) ၂၃၃၊ ၂၃၄၊ ၂၆၃ နှင့် အမြောက်တပ်ရင်း (အမတ) ၃၇၈ တို့ဖြစ်ပြီး ထို အထဲမှ တပ်ရင်း
၅၅၂ နှင့် ၅၆၄ တို့အား အာရက္ခတပ်တော်မှအ ပြီးသတ် သိမ်းပိုက်ထားပြီး ၅၅၁နှင့် ၅၆၅ တပ်ရင်းတို့မှာ စခန်းကို စွန့်ခွာသွားကြသည်ဟု သိရသည်။
ဘူးသီးတောင်တွင် တပ်ရင်းများသော်လည်း တပ်ရင်းတစ်ရင်း တိုက်ခိုက်ရေးအင်အား ၁၀၀ ကျော်ခန်သာရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ အရပ်သား ၁၁၁ ဦးသေဆုံးပြီး၊ ၃၅၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။