တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

မောင်တောတွင် လူနည်းစု ဟိန္ဒူလူမျိုးများ ဆက်လက်သတ်ဖြတ်ခံနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

နိရဉ္စရာ၊ဇူလိုင်/ ၂၀၂၄

တိုက်ပွဲဖြစ်ပွားနေသည့် မောင်တောမြို့တွင် ဟိန္ဒူလူမျိုးများ သတ်ဖြတ်ခံနေရပြီး ဇူလိုင် ၂၀ ရက် နေ့လယ်တွင်လည်း တစ်ဦး သတ်ဖြတ်ခံရကြောင်း ဒေသခံမျက်မြင်ဟိန္ဒူလူမျိုးများက ပြောသည်။

သတ်ဖြတ်ခံရသူမှာမောင်တောမြို့ ကညင်တန်း ဟိန္ဒူကယ်ဆယ်ရေးတွင် နေထိုင်လျက်ရှိသူ ဦးခင်မောင်ချေ၏သားဖြစ်သူ မောင်ဒါဂ်ဂူးလူး (၂၈) နှစ်ဖြစ်ကြောင်း သိရသည်။

သတ်ပစ်တာ အကြောင်း မရှိပါ။ ဆရာမောင်မောင်လှိုင်တို့ ရဲ့ အိမ်တွင်းမှု ကျောင်းရှေ့မှာ စားဖို့ သောက်ဖို့ မရှိလို့ ဟိန္ဒူလူငယ် ဦးက ဆီသွားရောင်းတယ်လို့ ပြောပါတယ်။ တစ်ယောက်က ရောင်းခိုင်းလို့။.  အဲဒီအချိန်မှာ လက်နက်ကိုင်တဲ့ အာဆာ ဦး ဦး ရောက်လာပါတယ်။ မင်းတို့ ဘာလူမျိုးလဲလို့ မေးတော့ တစ်ယောက်က ဟိန္ဒူလို့ ပြောတယ်။ နောက်တစ်ယောက်က ကြောက်ပြီး မွတ်ဆလင်လို့ ပြောလိုက်တဲ့ အချိန်မှာ အာဆာ တစ်ယောက်က သေနတ်ကို ကိုင်တော့ ထွက်ပြေးလို့ ပြောပါတယ်။ ထွက်ပြေးတဲ့ အချိန်မှာ နောက်က လိုက်ပစ်တာ တချိန်းပစ်တာက လက်မှာကျတယ်။ နောက်တချိန်းပစ်တာ ဝမ်းဗိုက်မှာကျလို သေသွားပါတယ်ဟိန္ဒူလူမျိုးတစ်ဦးက နိရဉ္စရာကို ပြောသည်။

၎င်းပြင် အိမ်တွင်းမှုကျောင်းရှေ့ အထက်တန်းပြကျောင်းဆရာ မောင်မော်လှိုင်၏ အိမ်ရှေ့ဆိုင်တန်း အနီးအနားတွင် ရှိနေသည့် သတ်ဖြတ်ခံရသူ မောင်ဒါဂ်ဂူးလူး ညီဖြစ်သူနှင့် တစ်ခြား လူငယ် တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ အချိန်ထိ အဆက်အသွယ်မရသေးဟု ပြောဆိုသည်။

ဇူလိုင်  ၁၅ ရက်နေ့ကလည်း  မောင်တော‌မြို့၊ ရွှေဇားဟိန္ဒူ ကယ်ဆယ်ရေးရွာထဲကို စစ်ကောင်စီတပ်သားများနှင့် မွတ်ဆလင်စစ်သား ဝင်‌ရောက်လာပြီး အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ကြပြီး အနည်းဆုံး ရွာခံဟိန္ဒူ ယောက် အသတ်ခံခဲ့ကြရကာ ၁၅ ယောက်  ဒဏ်ရာရရှိပြီး   ယောက် ပျောက်ဆုံးနေသည်ဟု ဟိန္ဒူ ဒေသခံများက ပြောသည်။


လူနေအိမ် ၄၀ ကျော်လည်း မီးရှို့ ဖြိုဖျက်ခဲ့ကြသည်ဟု ဟိန္ဒူလူမျိုးတွေကို နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။

ပစ်သတ်ခံရသူများအထဲတွင် () ရာမ်ရှာကော့()ကာဒူ ၄၈ နှစ်()ဂူပါ () ဇော်ဒူလ် ၃၈ နှစ်()ကာလာဘာချီ () မာဇတ်နာရီရဲ့ သား အသက် ()နှစ်အရွယ်ကလေးတစ်ယောက်နှင့် အသက် ၁၂ နှစ် အရွယ်ကလေး တစ်ယောက်တို့ဖြစ်ကြောင်း သိရသည်။

အခု စကစနဲ့ ပေါင်းနေတဲ့ သူတို့ အာဆာတို့မှာ သေနတ်တွေရှိတယ်။ ဟိန္ဒူတွေမှာကျတော့ ဘာမှ မရှိဘူး။ ရိုးရိုးသားနေကြတာပါ။ ရွာကို အမြဲတန်းဝင်တယ်။ အိမ်ထရံတွေကို ကန်ကျောက်တယ်။ ပိုက်ဆံမြင်ရင် လုယူတယ်။ ဖုန်းတွေက အစ ယူတယ်။ ရွာကို ဝင်တယ်။ မိန်းခလေးတွေမြင်ရင်လည်း အမျိုးမျိုးစတယ်။ ခြိမ်းခြောက်တယ်။ လူတွေကို လိုက်တယ်။ရိုက်နှက်တယ်။ အမျိုးမျိုး လုပ်နေပါတယ်။ ဒါကို ကမ္ဘာက သိအောင် ကူညီစေလိုပါတယ်ဟု ပြောသည်။

မောင်တောမြို့ ကညင်တန်း ဟိန္ဒူကယ်ဆယ်ရေး စခန်း ဟိန္ဒူလူမျိုး နေအိမ် ၁၄၈ အိမ်၊  လူဦးရေ ၁၀၀၀ လောက်နေထိုင်နေကြပြီး လူအများစုမှာ မောင်တောမြို့ထဲက သာသနာ့ဗိမာန်သို့  ထွက်ပြေး ခိုလှုံနေကြရသည်ဟု သိရှိရသည်။

လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲမှာ မောင်တော ရွှေဇားရပ်ကွက်ထဲထိ ရောက်ရှိလာပြီဖြစ်သဖြင့်  မောင်တောမြို့ထဲတွင် ခိုလှုံနေကြသည့် ဟိန္ဒူလူမျိုးများအနေဖြင့် အထူးစိုးရိမ်စရာဖြစ်နေသည်ဟု ၎င်းတို့က ပြောကြားသည်။ ( ပုံစာ- ရွှေဇားဟိန္ဒူ ကယ်ဆယ်ရေးရွာမှ သတ်ဖြတ်ခံရသူများ)

ဆက်စပ် သတင်းများ