- Web Master
- ၁၅ စက်တင်ဘာ ၂၀၂၄
(စစ်ကောင်စီရဲတပ်ဖွဲ့ဝင်အများ
ရခိုင်တိုက်ပွဲများစတင်ဖြစ်ပွား
စစ်တွေမြို့၏ အဓိကလူသွားလူလာများသည့် စစ်တွေနာရီစင်မှ ပြည်တော်သာ ရပ်ကွက်သို့
သွားရာလမ်းနှင့် မေယုလမ်းမကြီးအတိုင်း လောကာနန္ဒာ စေတီတော်မြတ် အနီးထိ တစ်လမ်း၊ ကမ်းနားလမ်း တြိဂံလမ်းဆုံ၊ မင်းဘာကြီးလမ်း ပြည်သူ့ဝန်ဆောင်မှုရုံး One Stop Shop (OSS)ရုံးမှ ပြည်နယ် စစ်ကောင်စီရုံးနှင့် လောကာနန္ဒာစေတီတော်မြတ်အနီး မီးပွိုင့်ထိ၊ စစ်တွေမြို့ အားကစားရုံ
အနောက်လမ်း၊ မေယုလမ်းမကြီး အတိုင်း ဗုဒ္ဓပြတိုက်အနီးနှင့် မီးစက်ကြီးခွဆုံအနားတို့တွင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးယူကာ လမ်းများပိတ်ဆို့ထားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
စစ်တွေမြို့တစ်မြို့လုံးနီးပါး
အဆိုပါပိတ်ဆို့ထားသည့် လမ်းများတွင်လည်း တစ်နေရာစီတွင် ရဲတပ်ဖွဲ့ဝင် ရှစ်ဦးထက်မနည်း လုံခြုံရေး ယူထားသည်ကို တွေ့ရသည်။
ရခိုင်တွင် ယမန်နေ့နိုဝင်ဘာလ ၁၃ ရက် နံနက်ပိုင်းမှစ၍ ရက္ခိုင့်တပ်တော်(အေအေ)နှင့် မြန်မာ
စစ်တပ်တို့ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီ
အဆိုပါတိုက်ပွဲများကြောင့် စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့တွင် ယမန်နေ့ကစ၍ စစ်ကောင်စီ
တင့်ကားများ၊ စစ်ကားများ လှည့်လည် သွားလာနေပြီး ဒေသခံဆယ်ဦးထက် မနည်းကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်။ (NN-8)
ဓာတ်ပုံ - ယနေ့နံနက်ကမြင်တွေ့ရသည့် စစ်တွေမြို့