- Web Master
- ၀၈ ဧပြီ ၂၀၂၄
နိရဥ္စရာ၊ ဇူလိူင် ၁၅/ ၂ဝ၁၉
Jatiya ပါတီဥက္ကဋ္ဌ ယခင်ဘင်္ဂလာဒေ့ရှ်အာဏာရှင်ဟောင်း အာရှတ် (HM Ershad) (၉ဝ) နှစ်သည် ဒက္ကားမြို့ စစ်ဆေးရုံတစ်ခုတွင် တနင်္ဂနွေနေ့ နံနက်က ကွယ်လွန်သွားခဲ့သည်။
သူ့အား ဇွန်လ ၂၂ ရက်နေ့က ဆေးရုံတင်ပြီးနောက် အဆုတ်နှင့်ကျောက်ကပ်စသည့် ရောဂါများကို ခံစားနေရကြောင်း သိရှိခဲ့ကြောင်း၊ အာဏာရှင်ဟောင်းအာရှတ်သည် ရောဂါမရင့်သေးသည့် သွေးကင်ဆာတမျိုးကို အချိန်ကြာခံစားခဲ့ရကြောင်း သတင်းတွင် ဖော်ပြသည်။
အာရှတ်သည် ၁၉၈၂ ခုနှစ်က ဧပြီ ၂၄ ရက်နေ့တွင် သွေးထွက်သံယိုမှု မရှိဘဲ ရွှေးကောက်ခံ အစိုးရအား ဖယ်ရှားပြီး အာဏာသိမ်းယူခဲ့ပြီး တိုင်းပြည်၏ ဖွဲ့စည်းပုံကို ရပ်တန့်ပစ်ခဲ့သည်။ ၎င်းပြင်သူသည် ၁၉၈၈ ခုနှစ်တွင် ဖွဲ့စည်းပုံအရ ဘာပေါင်းစုံတို့၏အသံကို ပိတ်ပင်လိုက်ပြီး အစ္စလာမ်ဘာသာအား နိုင်ငံတော်ဘာသာအဖြစ် စတင်မိတ်ဆက် ကျင့်သုံးခဲ့သည်။
သူသည် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ စစ်ဦးစီးချုပ်အဖြစ်၎င်း၊ အစိုးရ ထိပ်ပိုင်းခေါင်းတာဝန်ယူထားစဉ် ဂျာတီယာ Jatiya ပါတီကို တည်ထောင်ခဲ့သည်။
ဘင်္ဂလာဒေ့ရှ်အား ၈ နှစ်ကြာအုပ်ချုပ်ခဲ့ပြီးနောက် ၁၉၉ဝ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့တွင် လက်ရှိအာဏာရထားသောအဝါမီလိဂ် အပါအဝင် နိုင်ငံရေး ပါတီများ၏ ဦးဆောင်မှုဖြင့် ပေါ်ပေါက်ခဲ့သော လူထုဆန့်ကျင်အုံကြွမှုအတွင်း အာဏာစွန့်လွတ်ခဲ့ရသည်။
၎င်းသည် အကျင့်ပျက်ခြစားမှု အပါအဝင် အမှုပေါင်း ၂၆ မူနှင့် တရားစွဲဆိုခံခဲ့ရပြီး ၁၉၉၁ ခုနှစ်မှ ၁၉၉၇ ခုနှစ် ထောင်သွင်းအကျဉ်းကျခံခဲ့ရပြီး နောက်ပိုင်း အာမခံဖြင့် လွတ်လာခဲ့သည်။
စစ်အာဏာရှင်ဟောင်း အာရှတ်သည် မသေမီထိ လက်ရှိ အစိုးရသက်တမ်းတွင် အတိုက်အခံ ခေါင်းဆောင်အနေဖြင့် ရှိနေခဲ့ပြီး လွန်ခဲ့သောသက်တမ်းတွင် ယခု ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာ၏ အထူး သံတမန်အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။
အာဏာရှင်ဟောင်း အာရှတ်သည် ပထမဆုံး Raushon Ershad နှင့် ၁၉၅၆ ခုနှစ်က လက်ထပ်ခဲ့သော်လည်း ယင်းထက်အရင် အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခဲ့သည်ဟု သတင်းရှိခဲ့သည်ဟုဆိုသည်။သားသမီး ၄ ဦးကျန်ရှိခဲ့သည်။
သူ့အားဇူလိူင် ၁၆ ရက်နေ့တွင် ဒက္ကားစစ်သချိုင်းတွင် သင်္ဂြိုလ်မည် ဖြစ်သည်။