သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

လေကြောင်းထောက်လှမ်းရေးရေဒါ၊ တင့်ကားဖျက်ဒုံးကျည်များအပါအဝင် ဒေါ်လာ (၂ ဒဿမ ၆)ဘီလျံ တန်ဖိုးရှိ စစ်ရေးအကူအညီများ ယူကရိန်းသို့အမေရိကန်ထပ်မံပေးအပ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 2k

နိရဉ္စရာ၊ ဧပြီ ၁/၂၀၂၃ (နိုင်ငံတကာ)

 

လေကြောင်းထောက်လှမ်းရေးရေဒါများ၊ တင့်ကားဖျက် ဒုံးကျည်များ၊ လောင်စာဆီတင်ယာဉ်များ အပါအဝင် တန်ဖိုး ဒေါ်လာ(၂ ဒဿမ ၆)ဘီလျံတန်ဖိုးရှိ စစ်ရေးအကူအညီများကို ယူကရိန်းသို့ အမေရိကန်က ထပ်မံပေးအပ်သွားမည်ဟု သိရှိရသည်။

 

ယူကရိန်းသို့ ပေးပို့ရန် တင့်ကားပစ် အမြောက်ကျည်များအပါအဝင် စစ်လက်နက်အထောက်အကူပြု ပစ္စည်း(၆)မျိုးပါဝင်သည့် စာရင်းကို ယခုရက်သတ္တပတ်အတွင်း အပြီးထုတ်ပြန်မည်ဟု အမေရိကန်အရာရှိများက မတ်လ(၃၁)ရက်တွင် ပြောကြားသည်။

 

သီးခြားထုတ်ပြန်သောစာရင်းအရ ဝေဟင်မှပစ်ခတ်ရသော လက်နက်ခဲယမ်းများ၊ ရုရှားစစ်စခန်းများကို ထိုးစစ်ဆင်ရန် တံတားပစ္စည်းများ၊ ပျက်စီးသွားသော စစ်ယန္တယားများကို ပြန်သယ်နိုင်မည့် ယာဉ်ကြီးများ၊ NSAMS လေကြောင်းကာကွယ်ရေးစနစ်များ ပါဝင်သည်။

 

ယခုအကူအညီမှာ သမ္မတဂျိုးဘိုင်ဒင်က ခွင့်ပြုထားသော ယူကရိန်း လုံခြုံရေး အထောက်အပံ့( Ukraine Security Assistance Initiative) ရန်ပုံငွေ ထဲမှ ဒေါ်လာ(၂.၁)ဘီလျံဖိုး လက်နက်ထောက်ပံ့မှု ဖြစ်သည်။ ယခုထောက်ပံ့ငွေဖြင့် စစ်လက်နက်များကို စက်ရုံများမှ ဝယ်ယူရန်ဖြစ်ပြီး အမေရိကန် ပိုင်ဆိုင်ထားသည့် စစ်လက်နက်ပစ္စည်းများထဲက ပံ့ပိုးရန်မဟုတ်ပေ။

 

 ကျန် ဒေါ်လာ သန်း(၅၀၀)ဖိုးကို အဓိက လက်နက်ပစ္စည်းအထောက်အကူပြုပစ္စည်း ပံ့ပိုးရန်ဖြစ်ပြီး ရုရှားကျူးကျော်မှု ဟန့်တားရေး နွေဦးရာသီထိုးစစ်ဆင်ရေးအတွက် ဖြစ်သည်။

 

ယခု စစ်ရေးအကူအညီအပါအဝင် (ယူကရိန်းအား ရုရှားက ကျူးကျော်ခဲ့ချိန်မှစ၍) အမေရိကန်က ယူကရိန်းသို့ ပေးအပ်ခဲ့သည့် လုံခြုံရေးအထောက်အကူပြု ပစ္စည်းတန်ဖိုးမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ(၃၀)ဘီလျံကျော်သွားပြီဟု သိရှိရသည်။ ref: Reuters.

ဆက်စပ် သတင်းများ