- Web Master
- ၀၈ ဧပြီ ၂၀၂၄
ပြင်သစ်နိုင်ငံ ပါရီမြို့လယ် Rue Saint- Jacques လမ်းပေါ်ရှိ အဆောက်အဦးတစ်ခုတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ရာ အဆောက်အဦးပြိုကျပြီး လူပေါင်း ၃၇ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။
ဒဏ်ရာ ရရှိသူများအနက် လေးဦးမှာ ဒဏ်ရာပြင်းထန်သည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အရေးပေါ် ကယ်ဆယ်ရေးလုပ်သားများက အပျက်အစီးများကြား ရှာဖွေမှုများပြုလုပ်နေပြီး လူနှစ်ဦး ပျောက်ဆုံးနေသည်ဟု သိရှိရသည်။ မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ပေါက်ကွဲမှု မဖြစ်ပေါ်မီ စူးရှသော အနံ့တစ်ခု ရရှိသည် ဆို၏။
ဒေသအုပ်ချုပ်ရေးမှူး အက်ဒ်ဝပ် စီဗယ်လ် ၏ ဆိုရှယ်မီဒီယာပေါ် ပြောကြားချက်အရ ပေါက်ကွဲမှုမှာ " ဓါတ်ငွေ့ပေါက်ကွဲမှု" တစ်ခုဖြစ်သည်ဟု သိရသည်။
အာဏာပိုင်များကမူ ပေါက်ကွဲမှုအကြောင်းအရင်းမှန်ကို အတိအကျမသိရသေးဟု ဆိုသည်။
အခင်းဖြစ်ပွားပြီးနောက် ထိုနေရာသို့ ရောက်ရှိကာ ကင်မရာမှတ်တမ်းများကို ကြည့်ရှုပြီးနောက် ပါရီ ဥပဒေအကျိုးဆောင် လော်ရီ ဘက်ကော ၏ ပြောကြားချက်အရ ပေါက်ကွဲမှုသည် ဗယ်လဒီ ဂရေ့စ် ခရစ်ယာန်ဘုရားကျောင်းအနီးရှိ အဆောက်အဦးအတွင်းပိုင်းတွင် ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
ပေါက်ကွဲမှုဖြစ်လျှင် ဖြစ်ချင်း အဆောက်အဦးတစ်ခုလုံး မီးလောင်သွားပြီး မီးသတ်သမားများ ကြိုးစားမှုကြောင့် တဖြည်းဖြည်း မီးငြိမ်းသွားခဲ့သည်ဟု ပါရီမြို့ ရဲချုပ် လောရင့် နူနက်စ်က ပြောသည်။
ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သောနေရာမှာ ကျောင်းသားအများစုနေထိုင်မှုကြောင့် ကမ္ဘာလှည့် ခရီးသည်များနှင့် စည်ကားသော ပါရီမြို့လယ်၊ ဝဲဘက်မြစ်ကမ်းပေါ်ရှိ လက်တင်ရပ်ကွက် တောင်ပိုင်းအရပ် ဖြစ်သည်ဟု သိရသည်။
NN-27
Ref: can