- Web Master
- ၀၈ ဧပြီ ၂၀၂၄
အိုင်အက်စ်( Islamic State) ကဲ့သို့ ကြီးမားသောတိုက်ခိုက်မှုများ ပြုလုပ်ရန် ရည်ရွယ်၍ အကြမ်းဖက်အဖွဲ့ တစ်ခု ဖွဲ့စည်းရန် သံသယဖြင့် လူ(၇)ဦးကို ကြာသပတေးနေ့က ဂျာမန်ရဲများက ဖမ်းဆီးလိုက်သည်။
တာ့ခ်မင်နစ္စတန်၊ ကာဂျစ္စတန် နှင့် တာဂျစ္စတန် နိုင်ငံသားများပါဝင်သည့်သူများကို ဂျာမန်အနောက်ပိုင်း၊ မြောက် ရိုင်း-ဝက်စ်ဖာလီယာတွင် ဖမ်းဆီးမိခဲ့ပြီး ထိုသူများသည် ယခင်ကတည်းက တစ်ဦးနှင့်တစ်ဦး ရင်းနှီးခဲ့ကြကာ ယူကရိန်းစစ်ပွဲဖြစ်ပွါးပြီး မကြာမီ ၂၀၂၂ ခုနှစ်က ဂျာမနီနိုင်ငံတွင်း ဝင်ရောက်ခဲ့သူများ ဖြစ်ကြသည်ဟု ဥပဒေအကျိုးဆောင်များက ဆိုသည်။
သူတို့သည် ၂၀၂၂ခုနှစ်၊ ဇွန်လတွင် အကြမ်းဖက်အဖွဲ့အစည်းကို ဖွဲ့စည်းခဲ့ပြီး ဂျာမနီရှိပစ်မှတ်များကို တိုက်ခိုက်ရန် လက်နက်များ တင်သွင်းရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။
သို့သော် ၄င်းတို့အား ဖမ်းဆီးမိချိန်တွင် တိုက်ခိုက်မှုပြုလုပ်ရန် ခိုင်လုံသည့် အထောက်အထားမတွေ့ရဟု ဆိုသည်။
ဂျာမနီတွင် ဖမ်းဆီးရမိသည့် ကာဂျစ်လူမျိုး အကြမ်းဖက်အဖွဲ့ဝင်သည် ၂၀၂၂ခုနှစ် ဧပြီလမှစ၍ အိုင်အက်စ်အဖွဲ့ထံမှ ငွေကြေးများလက်ခံရယူပြီး ပြည်ပရှိ အဖွဲ့များသို့ အကြိမ်ကြိမ်လွှဲပေးခဲ့သည်။
ဒတ်ချ်အာဏာပိုင်များသည် ကြာသပတေးနေ့က အဆိုပါအကြမ်းဖက်အုပ်စုနှင် ဆက်စပ်နေသည့် နောက်ထပ် သံသယဖြစ်ဖွယ် အဖွဲ့ဝင် တာဂျစ်လူမျိုး အမျိုးသား နှင့် ၄င်း၏ ဇနီး ကာဂျစ်အမျိုးသမီး တို့ နှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
ထိုသူမှာ အိုင်အက်စ်အဖွဲ့ဝင်တစ်ဦးဟု ယူဆရပြီး အိုင်အက်စ်အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်ရန် ညွှန်ကြားမှုကို လက်ခံနေသူဟု ဆိုသည်။ သို့သော် ခိုင်လုံသည့် အထောက်အထား မရရှိသေး ဆိုသည်။
NN-27
Photo by The wall Street journal