သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ပါကစ္စတန် နိုင်ငံရေးပါတီဟောပြောပွဲတစ်ခုတွင် ဗုံးပေါက်ကွဲ လူပေါင်း ၄၄ဦး သေဆုံးပြီး ၁၀၀ကျော်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 735

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက် ဘာဂျားခရိုင်တွင် အစ္စလာမ်နိုင်ငံရေးပါတီတစ်ခုက လူထု ဟောပြောပွဲကျင်းပပြုလုပ်နေစဉ် တနင်္ဂနွေနေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၄၄ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အသေခံ ဗုံးဖောက်ခွဲမှုတစ်ခုဖြစ်နိုင်သည့် သက်သေအထောက်အထားများ တွေ့ရှိရသည်ဟု ရဲများက ဘီဘီစီသို့ ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူများအားလုံးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ဒဏ်ရာရသူများအနက် ၁၅ ဦးမှာ အခြေအနေစိုးရိမ်ရသဖြင့် သေဆုံးမှု တိုးပွားလာနိုင်သည်ဟု တာဝန်ရှိသူများက ဆိုသည်။

ဗုံးဖောက်ခွဲရသည့် နောက်ခံအကြောင်းအရင်းကို ရှင်းရှင်းလင်လင်း မသိရသေးဘဲ ပေါက်ကွဲမှုဖြစ်ပွားသောနေရာကို ကြိုးတားပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရသည်။

ပါကစ္စတန်အနောက်မြောက်ဘက် အာဖဂန်နစ္စတန်နယ်စပ်အနီး ဘာဂျားခရိုင်ရှိ တိုင်းရင်းသား လူမျိုးများ အဓိကနေထိုင်သော ခါး( Khar)မြို့တွင် အစ္စလာမ်နိုင်ငံရေးပါတီJUI-F က လူထုဟောပြောပွဲ ကျင်းပခဲ့ရာ ရာပေါင်းများစွာသော လူများ တက်ရောက်နားထောင်ခဲ့ကြသည်

ရုပ်သံသတင်းဓါတ်ပုံများတွင် ရွက်ဖျင်တဲတစ်ခုအောက်၌ ရာနှင့်ချီသော လူအများ စုဝေးနေစဉ် ဟောပြောပွဲစင်မြင့်အနီး ပေါက်ကွဲမှုဖြစ်ပေါ်နေပုံကို မြင်တွေ့ကြရသည်။

မျက်သက်သေတစ်ဦး​၏ ပြောကြားချက်အရ ဗုံးပေါက်ကွဲပြီးနောက် ရွက်ဖျင်တဲပြိုကျခဲ့ရာ ထွက်ပြေးသော လူအချို့ ရွက်ဖျင်တဲအောက် ပိတ်မိနေသည်ဟု ဆို​၏။

ဒေသရုပ်သံသတင်များတွင် အရေးပေါ်လူနာတင်ကားများက ဒဏ်ရာရသူများကို ဆေးရုံသို့ သယ်ဆောင်နေပုံများမြင်တွေ့ရပြီး ဒဏ်ရာ ပြင်းထန်သူအချို့ကို စစ်ရဟတ်ယာဉ်ဖြင့် အနီးဆုံး ပတ်ရှ်ဝါ ဆေးရုံသို့ သယ်ယူပို့ဆောင်ပေးခဲ့ရသည်ဟု ရဲများကဆိုသည်

ဗုံးပေါက်ကွဲမှုကြောင့် အစ္စလာမ်မစ်ပါတီ JUI-F ​၏ ဒေသခံခေါင်းဆောင် မော်လာနာ ဇီယာအူလာ သေဆုံးသွားသည်ဟု ရဲများက အတည် ပြုပြောကြားသည်။ JUI-F ပါတီသည် အစ္စလာမ်ဘာသာရေးကို အခြေခံသော နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး ပါကစ္စတန်ပါလီမန်တွင် အစိုးရ​၏ ညွန့်ပေါင်းအဖွဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

NN-27

 ref: BBC World

ဆက်စပ် သတင်းများ