- Web Master
- ၁၅ စက်တင်ဘာ ၂၀၂၄
ရခိုင်ပြည်နယ်၊
ကျောက်တော်မြို့နယ်မှ ပလက်ဝမြို့သို့ ဆန်နှင့်အိမ်ဆောက်ပစ္စည်းသယ်ယူ
ကျောက်တော်-ပလက်ဝ
ကုလားတန်မြစ်အတွင်းပြေးဆွဲနေသည့်
"မျှောစာလုပ်ပီးမှ
တင်ရတယ်။ သူတို့ခွင့်ပြုချက်လုပ်ပီးမှ
တင်ရတယ်။ ထွေ/အုပ်မှာမျှောလုပ်ပြီး ၂၈၉ တပ်မမှာ တင်ရတယ်။
ကိုယ်လိုရာ တင်မရဘူး။ သူတို့ခွင့်ပြုချက်ပါမှ ဆန်တွေကို ပလက်၀ကို
သယ်ယူလို့ ရတယ်"
ဟု ပြောသည်။
စစ်ကောင်စီခွင့်ပြုချက်ပါမှ
ပလက်၀သို့ သယ်ယူခွင့်ရသည့်ပစ္စည်းများမှာ ဆန်၊
သံ၊ ဘိလပ်မြေတို့
ဖြစ်ကြပြီး စစ်တပ်က ခွင့်ပြုချက်ရရန်မှာ တစ်ပတ် (သို့မဟုတ်)
တစ်လကြား
ကြာတတ်သည်ဟုလည်း စက်လှေမောင်းသူများက ပြောသည်။
ယင်းအပြင်
ပုဂ္ဂလိကစက်လှေများဖြင့် သယ်ဆောင်မည်ဆိုလျှင် ဆန်တစ်အိတ်ကို စစ်ကောင်စီတပ်က ကျပ်
၃၀၀၀ အထိ ကောက်ခံနေသည်ဟုလည်း သိရသည်။
ကျောက်တော်-ပလက်ဝကို ပြေးဆွဲသည့်ရေနယားဇက်ရေယာဉ်သည်
တစ်ပတ်ကို နှစ်ကြိမ်
ပြေးဆွဲလျက်ရှိပြီး မိုးရာသီတွင်
အမိုးအကာမလုံခြုံမှု၊ ခရီးသည်များနှင့် ပစ္စည်းများ ပြည့်ကျပ်စွာ တင်ဆော
"အမိုးအကာမလုံတော့ မိုးရာသီပိုင်းဆိုရင်
လှေဦးဖျားကနေ ပဲ့အထိ မိုးစိုတယ်။ လူတွေကကျပ်၊ ပစ္စည်းတွေကကျပ်။
လှေဦးဖက်မှာ လိုက်ရတဲ့အခါမျိုးရှိတယ်။ ဒုက္ခရောက်ပါတယ်"
ဟုပြောသည်။
ကျောက်တော်မှ
ပလက်ဝကိုသွားသည့်ရေလမ်းတွင် စစ်ကောင်စီတပ်ဂိတ်နှင့် ရက္ခိုင့်တပ်တော် (AA)ဂိတ်များလည်း
စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်
အဆိုပါရေလမ်းကြောင်းကို
AA နှင့်
မြန်မာစစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ်မှစတင်ပြီး
လုံခြုံရေးကို အကြောင်းပြကာ စစ်ကောင်စီက ဖွင့်ပေးလိုက်၊ ပြန်ပိတ်လိုက်ဖြင့်
ပြုလုပ်ထားခဲ့ရာ ၂၀၂၁ ခုနှစ်၊ မတ်လတွင် ပြန်ဖွင့်ပေးခဲ့သည်။
သို့သော်လည်း ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်တွင် တိုက်ပွဲများ တကျော့ပြန်ဖြစ်လာ၍ ယင်းရေလမ်းကြောင်းလမ်းကို သြဂုတ်လတွင် ထပ်မံပိတ်ထားခဲ့ပြီး တိုက်ပွဲရပ်စဲပြီးနောက် ဒီဇင်ဘာလ ၃ ရက်တွင် ပြန်လည်ဖွင့်ပေးခဲ့သည်ဟု သိရသည်။
ပြန်ဖွင့်ပေးခဲ့သည့်အချိန်မှ