- Web Master
- ၁၆ ဇွန် ၂၀၂၄
ကြိုင်ဟိန်းလင်း၊
နိရဉ္စရာ၊ စက်တင်ဘာ ၁၉/ ၂၀၂၄
ရခိုင်ပြည်၊
ပေါက်တောမြို့နယ်ရှိ အနောက်ရဲမွတ်ဆလင်ဒုက္ခသည်စခန်း
သေဆုံးသွားသူများမှာ စက်တင်ဘာ ၄ ရက်က ကလေးငယ် (၄)ဦး၊ ၈ ရက်က
ကလေးငယ် (၂)ဦးနှင့် ၁၇ ရက်က အမျိုးသမီးကြီး
(၁) ဦးတို့ သေဆုံးသွားခြင်းဖြစ်သည်ဟု စခန်း တာဝန်ရှိသူက ပြောသည်။
ဝမ်းပျော့၊
ဝမ်းလျှော ရောဂါကို စက်တင်ဘာလ
၃ ရက်မှစတင်ကာ ကလေးငယ်များမှ
စတင်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု စခန်းတာဝန်ရှိသူတစ်ယောက်က ပြောသည်။
"ကျနော်တို့က ဒုက္ခသည်စခန်းမှာ နေရတာဆိုတော့
အပူချိန်များရင်လည်း အဆင်မပြေ၊ ရေလည်း အဆင်မပြေဘူး။
ကလေးငယ်တွေက စပြီးတော့ဖြစ်တာ။ အခုက
လူကြီးတွေလည်း ဖြစ်တယ်"
ဟု ပြောသည်။
အဆိုပါစခန်းတွင်
လက်ရှိအချိန်ထိ ဝမ်းရောဂါဖြစ်ပွားနေသူဦးရေ ၂၅၀
ကျော်အထိရှိကာ ဆေးဝါးကုသရန် ခက်ခဲနေကြသည်ဟု သိရသည်။
မွတ်ဆလင်ဒုက္ခသည်များကို
ယခင်က နယ်စည်းမခြားဆရာဝန်များ (MSF)အဖွဲ့က
ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့
"ကျန်းမာရေးစောင့်ရှောက်ပေးတာက MSF အဖွဲ့တစ်ခုရှိပါတယ်။ အဲအဖွဲ့လည်း
လာပြီးတော့ ကုသဖို့အတွက် အဆင်မပြေဘူး။
မြေပြင်မှာရှိတဲ့ သူတို့ရဲ့ စေတနာ့ဝန်ထမ်းတွေမှာလည်း ဆေးဝါးတွေမရှိဘူး။ ဒါပေမဲ့
ဒီလိုရောဂါဖြစ်နေတဲ့သူတွေကို ဘယ်လိုထားရမယ်။ ရေတွေကို ဘယ်လိုတိုက်ရမယ်ဆိုပြီးတော့
အဲလိုမျိုး ပညာပေးပြီးတော့ စောင့်ရှောက် ပေးနေတာတွေ ရှိတယ်"
ယင်းရောဂါကြောင့်
နောက်ထပ် ရောဂါဝေဒနာခံစားနေရသူများလည်း အသက်ဆုံးရှုံးမှာကို
စိုးရိမ်ကြောင့်ကြနေကြသည်။
အနောက်ရဲမွတ်ဆလင် ဒုက္ခသည်စခန်းတွင် ကျား ၂၃၉၁ ဦး၊ မ ၃၄၀၇
ဦးရှိကာ လူဦးရေစုစုပေါင်း ၅၇၉၈ ဦးရှိပြီး
အိမ်ထောင်စုစုပေါင်း ၁၁၉၇ စုရှိကြောင်းသိရှိရသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း စစ်တွေမြို့နယ်ရှိ
ဒုက္ခသည်စခန်းများတွင် နေထိုင်သည့်
မွတ်ဆလင်ဒုက္ခသည်များလည်း
ဝမ်းပျော့၊ ဝမ်းလျှော ရောဂါ ဖြစ်ပွားခဲ့ပြီး လူဦးရေ ၈၀ နီးပါး သေဆုံးသွားခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ
- ပေါက်တောမြို့နယ်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုမှ ဒုက္ခသည်များအား တွေ့ရစဉ်။
(ပုံဟောင်း)