- Web Master
- ၀၁ စက်တင်ဘာ ၂၀၂၄
အမျိုးသားဒီမိုကရေစီပါတီသစ် လက်ရှိ ဥက္ကဋ္ဌ ဦးသန်းထွန်း (၅၄) နှစ်သည် သူ့နေအိမ်တွင် ဖွင့်ထားသည့် မိတ္တူဆိုင်တွင် ဒီဇင်ဘာ ၁ ရက်နေ့က သေနတ်ဖြင့် လုပ်ကြံခံသတ်ဖြတ်ခံလိုက်ရသည်ဟု သတင်းရရှိသည်။
ဦးသန်းထွန်းအား ၎င်း၏ သင်္ဃန်းကျွန်းနေအိမ်တွင် ဖွင့်လှစ်ထားသည့် မိတ္တူဆိုင်သို့ အနက်ရောင်အင်္ကျီ ဝတ်ဆင်ထားသည့် လူငယ်နှစ်ဦးက မိတ္တူကူးရန် ပုံစံမျိုးဝင်ရောက်လာပြီး အနီးကပ် သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် မီဒီယာများတွင် သတင်းဖော်ပြသည်။
၎င်းဖြစ်စဉ် ဒီဇင်ဘာ ၁ ရက် နံနက် ၈ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ သင်္ဃကျွန်းမြို့နယ်၊ ငမိုးရိတ် ရပ်ကွက်၊ (၃) လမ်းရှိ ဥက္ကဋ္ဌ ဦးသန်းထွန်း၏ နေအိမ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျည်ဆံ (၈) ချက်ထိမှန်ခဲ့သည်ဟု ဆိုသည်။
၈၈ မျိုးဆက် တဦးလည်းဖြစ်သည့် ဦးသန်းထွန်းသည် ရှေ့နေကြီး ဦးသိန်းညွန့် တည်ထောင်ခဲ့သည့် အမျိုးသား ဒီမိုကရေစီပါတီသစ် လက်ရှိ ဥက္ကဋ္ဌဖြစ်ပြီး မြောက်ဥက္ကလာပဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။
၎င်းလုပ်ကြံမှုကို ငမိုးရိပ် Mission
Network က သူတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး
ဦးသန်းထွန်းသည် စစ်တပ်
အာဏာသိမ်းမှုကို
ထောက်ခံခဲ့သူ ဖြစ်ကြောင်း၊ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း
အတိုက်အခံများကို
စစ်တပ်က နှိပ်ကွပ်မှုနှင့် လက်နက်ကိုင် တိုင်းရင်းသားနယ်မြေများတွင် ဗုံးကြဲမှု စသည့် လုပ်ရပ်များ အပေါ်
ဦးသန်းထွန်းက ထောက်ခံခဲ့သူ ဖြစ်ကြောင်းလည်း ၎င်းတို့၏ ထုတ်ပြန်သည့် ကြေညာချက် ဖော်ပြထားသည်။ ( NN-30)
Photo: Thet Htwe Naing - Freelance Journalist