တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မင်းပြားကို စစ်ကောင်စီက နေဗီဖြင့် စစ်အင်အား အလုံးအရင်း ပြန်လည်ဖြည့်တင်းနေ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၂ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 4.2k

ရခိုင်ပြည်၊ မင်းပြားမြို့ကို အကြမ်းဖက် စစ်ကောင်စီက နေဗီများဖြင့် စစ်အင်အားအလုံးအရင်းဖြင့် ပြန်လည် ဖြည့်တင်းနေကြောင်း သတင်းရရှိသည်။

မင်းပြားမြို့နယ်၊ ကျွဲရည်ပြင်ကျေးရွာအနီးအနားကို ယနေ့ဇန်နဝါရီ ၂၂ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ၏နေဗီ စီးမှ အင်အား အလုံးအရင်းဖြင့် ဖြည့်တင်းနေပြီး ကျေးရွာအနီးနား ဝန်းကျင်ကိုလည်း လက်နက်ငယ်များဖြင့် ပစ်ခဲ့သည်ဟု မင်းပြားဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

မနေ့က နေဗီ စီးရောက်လာပြီး ကျွဲရည်ပြင်မှာ ညဥ့်အိပ်တယ်။ ဒီမနက်အစောကြီးမှာတော့ နေဗီမှာပါလာတဲ့ စစ်သားတွေကို အဲ့ဒီရွာကို တင်နေတယ်။ စစ်သား ၈၀၀ လောက်ခန့်မှန်းရတယ်‌။ ရွာက ၅၄၁ တပ်နဲ့နီးတယ်။ သူတို့က စစ်တွေဖက်ကနေလာတာပါ။ အဲ့ဒီအချိန်က ရွာဖက်တွေကို နေဗီကနေ လက်နက်တွေနဲ့ အချိန် အတော်ကြာအောင် ပစ်ခဲ့တယ်။၁၀နာရီလောက်မှာပစ်တာရပ်တယ် ဟုပြောသည်။

ယနေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီ၏ဂျက်တိုက်လေယာဥ်ဖြင့်ငတန်ပျင်းကျေးရွာဖက်သို့ သုံးကြိမ်ခန့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ၄င်းကပြောသည်။

ယင်းအပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ရက်နေ့က စစ်ကောင်စီ၏ ဂျက်တိုက်လေယာဥ်နှင့် နေဗီမှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်များ ကျရောက် ပေါက်ကွဲခဲ့သဖြင့် ငတန်ပျင်းကျေးရွာ မီးလောင်ခဲ့ပြီး ရွာထဲက အမျိုးသမီး ၁ဦးနှ င့်အမျိုးသား ၂ဦးကို စစ်ကောင်စီတပ်သားများက ရက်စက်စွာ သတ်ဖြတ်ခဲ့သည်ဟု မင်းပြားဒေသခံ တစ်ဦးက နိရဥ္စရာကိုပြောသည်။

အဲ့ဒီနေ့က လက်နက်ကြီးကျည်တွေပစ်ခတ်ခဲ့လို့ ပြည်တော်လှရပ်ကွက်၊ ငတန်ပျင်းရွာ  တင်းဝချောင်းဆုံရွာလည်း မီးလောင်တယ် ဘုန်ကြီးကျောင်း တစ်ကျောင်းလည်း မီးလောင်တယ်။ ပြီးတော့ ငတန်ပျင်းရွာက လူသုံးယောက်ကို ရက်ရက်စက်စက် သတ်ပစ်ခဲ့တယ်။ အမျိုးသမီး တစ်ယောက်ကို လည်ပင်း လှီးသတ်ခဲ့တယ်။နောက်ထပ် လူနှစ်ယောက်ကိုတော့ သေနတ်ဖြင့် ပစ်သတ်ခဲ့တယ်ဟုပြောသည်။

လက်ရှိ မင်းပြားတွင် ကျိန်းတောင်စခန်းအပါအဝင် ခမရ ၃၈၀၊ ၅၄၁စသည့် တပ်အချို့ကို ရက္ခိုင့် တပ်တော် က သိမ်းပိုက်ရရှိထားပြီး ခမရ ၃၇၉ တပ်ရင်းတစ်ခုသာ သိမ်းပိုက်ရန်ကျန်ရှိနေသေးသည်ကို ကြားသိရသည်ဟု မင်းပြားဒေသခံများက ပြောသည်။(NN-11)

 ဓာတ်ပုံ- ပုံဟောင်း



ဆက်စပ် သတင်းများ