- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၄
ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၂၄/ ၂ဝ၁၉
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုတံတား အနီးတွင် ယနေ့ မွန်းလွဲ ၂ နာရီကျော်က မိုင်းတစ်လုံးပေါက်ကွဲခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။
၎င်းမိုင်းပေါက်ကွဲမှုမှာ တပ်မတော် စစ်ကြောင်းမှ တိမ်ညို စစ်ဘေးရှောင်းစခန်းတွင်းရှိ လူများနှင့် တိမ်ညို တိုက်နယ်ဆေးရုံ အနီးဝန်းကျင်တွင် လူများကို ဝင်ရောက်စစ်ဆေးနေစဉ် ပေါက်ကွဲခြင်း ဖြစ်သည်ဟု ပြောကြားသည်။
အထိအခိုက် ရှိ/မရှိကို မသိရကြောင်း၊ ကားအသွားအလာလည်း မိနစ်အနည်းငယ်ရပ်သွားကြောင်း ၎င်းက ပြောကြားသည်။
“ မိုင်းပေါက်တာက တိမ်ညိုတံတားမှာတော့ မဟုတ်ဘူး။ တံတားအလွန် အောက်သကန်ဘက်က ဆင်းလမ်းနားက ကားလမ်းမှာ ပေါက်တယ်လို့ သိရပါတယ်။ စစ်ကြောင်းက တိမ်ညိုရွာထဲကို ရောက်နေတဲ့ အချိန်မှာ ပေါက်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့လည်း အိမ်ပြင်ကို မထွက်ရဲတော့ တိတိကျကျ မသိပါဘူး” ဟု ၎င်းကျေးရွာသားက ပြောသည်။
မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ အောက်သားကန် ဆင်းလမ်း၊ ရွာကိုလားတဲ့ လမ်း၊ အဲဒီနားမှာ ပေါက်တယ်လို့ဘဲ သိရတယ်။ ရွာသားတွေပြောတာ။ ကျန်တာတွေတော့ မကြားဘူး” ဟု ပြောကြားသည်။
အဆိုပါ မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တိမ်ညို ကျေးရွာအုပ်ချုပ်ရေးမှူးကို စစ်တပ်က ခေါ်ယူ စစ်ဆေးမေးမြန်းမှုရှိခဲ့သည်ဟု သတင်းများရရှိသဖြင့် တိမ်ညို ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။
-----------------------
Unicode:
နိရဉ်စရာ၊ အောကျတိုဘာ ၂၄/ ၂ဝ၁၉