- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၄
နိရဥ္စရာ၊ ဇွန် ၁၂/၂၀၂
ကျောက်တော်မြို့ထဲတွင် ဝင်ရောက် နေရာယူထားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ပြန်လည် ယနေ့ ထွက်ခွာသွားပြီဖြစ်သဖြင့် ကျောက်တော်မြို့အခြေအနေမှာ ပုံမှန်အတိုင်း ပြန်တည်ငြိမ်နေသည်ဟု မြို့ခံများက ပြောသည်။
“ထူးခြားမှုတော့
မရှိဘူး။ မနေ့က မြို့ထဲဝင်လာတဲ့ စစ်သားတွေ
ပြန်ထွက်သွားပြီ။ အခြေအနေက အားလုံးပုံမှန်ပါပဲ။
အခုလည်း ကျနော်တို့ လက်ဖက်ရည်ဆိုင်နေကြတာ”ဟု ပြောသည်။
ကျောက်တော်မြို့မစျေးအနီးတွင်
ယမန်နေ့ ဇွန်လ ၁၁ ရက် နံနက် ၁၁ နာရီခန့်က စစ်ကောင်စီ တပ်ဖွဲ့ဝင်နှစ်ဦးကို ရက္ခိုင့်တပ်တော်(AA)၏ခေါ်ဆောင်
“ ကျွန်တော်တို့ ပထမကြားတာက တပ်ကြပ်တစ်ဦးနဲ့ သူ့ရဲ့ ဇနီးကို အေအေက ခေါ်သွားတယ်လို့ သတင်းရတယ်။ အခု သတင်းထွက်လာတာက တပ်ကြပ်တစ်ဦးနဲ့ သာမန်တပ်သားအဆင့်ရှိသူတစ်ဦးလို့ သိရပါတယ်”ဟု ပြောသည်။
စစ်ကောင်စီတပ်သားမျာသည် ကျောက်တော် မြို့မစျေးအနီးတဝိုက်အပါအဝင်
မြို့လယ်ရှိ သာသနာ့ဗိမာန်နှင့် မြို့အဝင်ရှိ ရထား ဘူတာတို့တွင် နေရာထားခဲ့သည့်အတွက်
လုံခြုံရေးစိုးရိမ်၍ မြို့မစျေးကိုလည်း စော၍ ပိတ်ခဲ့ကြသလို
အနည်းငယ်ထိတ်လန့်မှုရှိခဲ့သည်ဟု မြို့ခံများက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်
ယမန်နေ့ည ၈
နာရီခန့်တွင် မြို့တွင်းမှ ပြန်လည်ထွက်ခွာသွားကြပြီး ယခုလက်ရှိတွင် မြို့အဝင်ရှိ
ရထားဘူတာတွင် အင်အား ၄ဝ ခန့်သာ နေရာယူလျက်ရှိသည်ဟု နောက်ထပ်မြို့ခံတစ်ဦးက
ပြောသည်။
“ရထားဘူတာတစ်ခုမှာပဲရှိတော့တယ်။
သူတို့က အရင် ၃ လလောက်ကနေ အဲမှာနေတာ။ ခုတော့ အားလုံး ပုံမှန်ပါပဲ”ဟု ပြောသည်။
ယမန်နေ့က ခေါ်ဆောင်ခံခဲ့ရသူတို့မှာ
စစ်ကောင်စီဒုတပ်ကြပ်လင်မယား ၂ ဦးဟု နိရဥ္စရာက ကနဦးသတင်းများအရ
ဖော်ပြခဲ့သော်လည်း လင်မယား ၂ ဦးမဟုတ်ဘဲ တပ်ကြပ်တစ်ဦးနှင့် သာမန်တပ်သားအဆင့်ရှိသူတစ်ဦးတို့
“တကယ်တော့ တပ်ကြပ်က
တည်းခိုခန်းမှာ ရည်းစားနဲ့တွေ့ဖို့လာတာ။ ကျန်တဲ့တစ်ယောက်ကတော့ စျေးထဲဝင်သွားတယ်လေ။
အဲဒီမှာ စျေးက တစ်ယောက်ကိုခေါ်ပြီးနောက် တည်းခိုခန်းက တစ်ယောက်ကို ထပ်ခေါ်သွားတာ။
တည်းခိုခန်းမှာရှိတဲ့ အမျိုးသမီးကိုတော့ လွှတ်ပေးခဲ့တယ်”ဟု ပြောသည်။ (NN-2)
ဓာတ်ပုံ -
ကျောက်တော်မြို့တွင်းတစ်နေရာအား ယနေ့နေ့လယ်က တွေ့ရစဉ်။