- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၄
နိရဉ္စရာ၊ ဇူလိုင် ၁၁/၂၀၂၂
ထိုင်းမြန်မာနယ်စပ်အနီးရှိ ကရင်ပြည်နယ် ဥကရစ်ထတိုက်ပွဲကို စစ်ကူလာသည့် စကစစစ်ကြောင်းမှ စစ်ကောင်စီတပ်သား ၅ ဦး CDM ပြုလုပ်ခဲ့သည်ဟု KNLA ပူးပေါင်းတပ်ဖွဲ့ က မီဒီယာများကို ပြောသည်။
၎င်းစစ်သား ၅ ဦးမှာ ခမရ ၁၂၀ မှ အောင်အောင် တတ-၁၂၄၉၇၈၊ အောင်ငြိမ်းချမ်း တတ-၁၂၄၉၇၉၊ ဇော်ထက်အောင် ကိုယ်ပိုင်အမှတ် တ-၅၆၁၈၂၄၊ အောင်ကျော်ထူး တ-၅၆၆၁၈၁နှင့် ရဲမြင့်မြတ် တတ-၁၂၅၉၉၅ တို့ဖြစ်ကြောင်း သိရသည်။
၎င်းစစ်သား ၅ ဦးမှာ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က ဝေါလေဒေသမှာရှိသည့် ဥကရစ်ထတိုက်ပွဲကို စစ်ကူလာသည့် ဖလူးဒေသ တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းက စစ်သားများဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် ဥကရစ်ထသို့စစ်ကူပို့ရန် ဖလူးကျေးရွာမှ ဇူလိုင်လ ၄ ရက်နေ့မှ စစ်ကြောင်းနှင့် အတူ စတင်ထွက်ခွာလာခဲ့သူများဖြစ်ပြီး လမ်းတဝက် အရောက်တွင် KNLA ပူးပေါင်းအဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရသည်ဟု ဆိုသည်။
၎င်းစစ်ကြောင်းသည် ဥကရစ်ထသို့ မရောက်သေးပဲ လမ်းခရီးတွင် ပိတ်မိနေစဉ် ၎င်းတို့ အနေဖြင့် CDM လုပ်ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) ပူးပေါင်းတပ်ထံ ဝင်ရောက်ခိုလှုံခဲ့သည်ဟု ဆိုသည်။
KNLA ပူးပေါင်းတပ်ဖွဲ့ ၏ အပြောအရ ၎င်းတို့သည် ဇူလိုင်လ ၉ ရက်ညက ဒဏ်ရာရ စစ်ကောင်စီ တပ်သားလူနာကို ပို့ဆောင်ပြီး အပြန်လမ်းတွင် KNLA ပူးပေါင်းတပ်ဖွဲကို ဆက်သွယ်ကာ CDM ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။