လုံခြုံရေးတင်းကျပ်လိုက်၍ တိတ်ဆိတ်ခြောက်ကပ်သွားသည့် စနဲမြို့မြင်ကွင်းများ
-
ရေးသူ:
Web Master
-
| ရက်စွဲ:
၂၅ ဇူလိုင် ၂၀၂၂
-
| ကြည့်ရှုသူ:
4.7k
နိရဥ္စရာ၊ ဇူလိုင် ၂၄ / ၂ဝ၂၂
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စနဲမြို့တွင် ယနေ့ ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းမှစတင်ကာ လုံခြုံရေးတင်းကျပ်လိုက်၍ တိတ်ဆိတ်ခြောက်ကပ်သွားသည်ကို ယနေ့ညနေပိုင်းက တွေ့ရခြင်းဖြစ်သည်။
ယင်းသို့လုံခြုံရေးတင်းကျပ်လိုက်၍ မြို့မစျေးအပါအဝင် မြို့တွင်းရှိ စျေးဆိုင်များနှင့် နေအိမ်များကို စောစီးစွာပိတ်ထားရပြီး မြို့တွင်းတွင်လည်း လူသွားလူလာများ နည်းပါးသွားခဲ့သည်ဟု မြို့ခံများက ပြောသည်။
ယနေ့နံနက် ၈ နာရီကျော်တွင် စနဲမြို့စျေးသို့ စျေးလာဝယ်သည့် စနဲစခန်းမှူး ရဲအုပ်ကျော်ဇင်ဝင်းကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားပြီးနောက် မြို့တွင်းတွင် လုံခြုံရေးတင်းကျပ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြသည်။
စခန်းမှူးဖမ်းဆီးခံရမှုကြောင့် မြို့ခံ ၁ဝ ဦးထက်မနည်းသည်လည်း စနဲရဲစန်းသို့ ခေါ်ယူစစ်ဆေးခံနေရပြီး ယနေ့ ညနေ ၄ နာရီခွဲအထိ ပြန်လွတ်လာခြင်းမရှိသေးဟု မြို့ခံများက ပြောသည်။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)