- Web Master
- ၁၈ ဇူလိုင် ၂၀၂၄
လူထက်နိုင်(ဒွာရာမြီ)၊ နိရဥ္စရာ ၊ မတ် ၂၅ / ၂၀၂၄
ဧပြီလ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၁၄)ကြိမ်မြောက် "ခမီအမျိုးသားနေ့" အားဂုဏ်ပြု ဆိုကြိုသောအားဖြင့် ထိုင်းနိုင်ငံ စမွန်စကွန်ခရိုင်၊
ကထုန်ဘန်မြို့
“ ခမီလူငယ်တွေရဲ့ အနာဂတ်အတွက် အခုကိုယ်လူမျိုးတွေက အခုတကွဲတပြားဖြစ်နေတယ်လေ။ အဲ့ဒီအချိန်မှာ ခမီလူငယ်တွေကို စည်းစည်းလုံးလုံးရှိအောင် တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ရင်းနှီးမှု ရအောင်ဆိုတဲ့ စိတ်ဆန္ဒနဲ့ လုပ်ပေးရခြင်းဖြစ်တယ်”ဟု တာဝန်ရှိသူမှပြောသည်။
အဆိုပါ အထိမ်းအမှတ် ဘောလုံးပွဲအား ထိုင်းငံ ကထုန်ဘန်မြို့နယ် ဖိကစင်(၉၉)လမ်း အုန်နိုးနိုးစက်ရုံ တွင် (၃)ကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်ပြီး နယ်မြေအသီးသီးမှ ခမီလူငယ်မောင်မယ်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
“ ဧပြီ ၂၇ ရက်နေ့ဆို ကျွန်တော်တို့မှာ "ခမီအမျိုးသားနေ့" ရှိတယ်လေ။ လူငယ်လူရွယ် ကအစ လူကြီးသူမတွေပါသိအောင် ကိုယ့်အမျိုးသားနေ့ကို မမေ့မလျော့မဖြစ်အောင် အထိမ်းအမှတ်အနေနဲ့ ကျွန်တော်တို့ စုပေါင်းပြီးတော့လုပ်တာပါ”ဟု ထိုင်းနိုင်ငံရောက် ခမီလူငယ် တစ်ဦးကဆိုသည်။
ထိုင်းနိုင်ငံတွင် ဧပြီလ ၂၇ ရက်နေ့၌ အလုပ်များမအားလပ်သကဲ့သို့ သင်္ကြန်ကာလဆိုလျှင်လည်း ရုံးပိတ်ရက်များသည် ၂ရက်၊ ၃ရက်သာ ပိတ်သောကြောင့် "ခမီအမျိုးသားနေ့"အား ယခုလတွင် ဂုဏ်ပြုကြိုဆိုကျင်းပခြင်းဖြစ်
ထိုင်းနိုင်ငံတွင်ရှိသော ခမီ လူမျိုးများအား စုစည်းပြီးပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါဘောလုံးပွဲအား မတ်လ ၂၄ ရက်နေ့တရက်တည်းတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိ
အဆိုပါ ဘောလုံးပွဲတွင် အမျိုးသား အသင်း ၂၀နှင့် အမျိုးသမီးဘောလုံးအသင်း(၄)သင်း
ပါဝင် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမဆု၊ဒုတိယဆုများအပြင် ဂိုးသွင်းအများဆုံးဆု၊ ဂိုးသမား အကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊နောက်တန်
“ အခုအချိန်မှာ အကုန်လုံးသိကြတဲ့အတိုင်းကိုယ့်
ရခိုင်မျိုးနွယ်စုဝင်ဖြစ်သော ခမီ
အဆိုပါ ညီလာခံကြီးစတင်ကျင်းပသော ဧပြီ ၂၇ ရက်ကို ခမီအမျိုးသားနေ့အဖြစ်သတ်မှတ်ကာ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်မှစ၍ တခမ်းတနားဖြင့်ကျင်းပခဲ့သည်ဟု သိရသည်။
ခမီလူမျိုးတို့သည် ရခိုင်ပြည်
ဓာတ်ပုံ- Khamee National Culture Network နှင့် ဦးကျော်လှသန်း