တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

တောင်ကုတ်မြို့ အရှေ့ဘက် ၂၇ မိုင်အကွာကို ဗဟိုပြု၍ ငလျင်လှုပ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 10.3k

နိရဉ္စရာ၊ မေ ၁၉/ ၂၀၂၂ (မြေငလျင်သတင်း)
၂၀၂၂ ခုနှစ်၊ မေလ (၁၈)ရက်နေ့ ညဉ့်အချိန် ၁၀ နာရီကျော်ခန့်တွင် တောင်ကုတ်မြို့၏ အရှေ့ဘက် ၂၇)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာက သတင်းထုတ်ပြန်ထားသည်။
၎င်းငလျင်သည် မြန်မာစံတော်ချိန် (၂၂)နာရီ၊ (၀၆)မိနစ်၊ (၄၄)စက္ကန့် အချိန်တွင် ဂွမြေငလျင်စခန်းမှ မြောက်ဘက် (၈၅)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တောင်ကုတ်မြို့၏ အရှေ့ဘက် (၂၇)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၈.၈၂)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၄.၆၄)ဒီဂရီ၊ အနက် (၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိကြောင်း ၎င်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မြေငလျင်သတင်းများစင်တာမှ ထုတ်ပြန်ချက်တွင် ၎င်းငလျင်သည် မေ ၁၈ ရက် ည မြန်မာစံတော်ချိန် ၁၀:၀၀ နာရီအချိန်ခန့်က မြန်မာနိုင်ငံပြည်တွင်း၊ ပြည်မြို့အနောက်ပိုင်း ၄၃ မိုင်ခန့်၊ ရခိုင်ပြည်နယ် သံတွဲမြို့အရှေ့မြောက်ဘက် ၃၅ မိုင်ကျော်အကွာက ရခိုင်ရိုးမတောင်တန်းအောက်အနက် ၈ မိုင်ခန့်မှ မဂ္ဂနီကျု ၄.၆, မဂ္ဂနီကျု ၃.၅ အဆင့်ငလျင်ငယ်များ ၂ ကြိမ်ဆက်တိုက် လှုပ်ရှား သွားခဲ့သည်ဟု ဖော်ပြထားပါသည်။
(ဓာတ်ပုံ- မြေငလျင်သတင်းများစင်တာ)

ဆက်စပ် သတင်းများ