တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရခိုင်လူငယ်မောင်မယ် ပရဟိတဖောင်ဒေးရှင်းက စစ်တွေကမ်းခြေတစ်လျှောက် အမှိုက်ကောက် ကမ်ပိန်းပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 1.6k


နိရဥ္စရာ၊ မေ ၂၉/၂၀၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပွိုင့်ကမ်းခြေတစ်လျှောက်တွင် ရခိုင်လူငယ်မောင်မယ် ပရဟိတဖောင်ဒေးရှင်းက အမှိုက်ကောက် ကမ်ပိန်းတစ်ခုပြုလုပ်ခဲ့သည်ဟု သိရသည်။
ယနေ့မေလ ၂၉ ရက် နံနက် ၇ နာရီမှ ၉ နာရီခွဲခန့်အထိ စစ်တွေကမ်းခြေဟိုတယ်လမ်းရှိ ကမ်းခြေတစ်လျှောက်တွင် သောင်တင်နေသောအမှိုက်များနှင့် စွန့်ပစ်ထားသောအမှိုက်များကို ကောက်ယူပြီး စနစ်တကျသိမ်းဆည်းခဲ့ကြသည်ဟု ရခိုင်လူငယ်မောင်မယ် ပရဟိတဖောင်ဒေးရှင်းအဖွဲ့မှ ဥက္ကဋ္ဌ ဦးစံထွန်းမောင်က ပြောသည်။
"ရခိုင်ပြည်ရဲ့မြို့တော် စစ်တွေမြို့က ပွိုင့်ကမ်းခြေဆိုတာက အဓိက လူတွေအများအပြား လာရောက်လည်ပတ်တဲ့ ကမ်းခြေတစ်ခုဖြစ်လို့၊ ကမ်းခြေသာယာလှပဖို့၊ အမှိုက်ကင်းစင်ရေးမြို့တော်တစ်ခုဖြစ်ဖို့အတွက် အခုလို တတ်စွမ်းသလောက် အသင်းကလူတွေနဲ့ အမှိုက်လာကောက်တာဖြစ်ပါတယ်"ဟု ပြောသည်။
၎င်းအပြင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အမှိုက်များကို ချောင်း၊ မြောင်း၊ မိလ္လာမြောင်းများ၌ ဖြစ်သလို ကြုံရာကျပန်း စွန့်ပစ်နေကြသည့်အပြင်
စစ်တွေကမ်းခြေ၌ လာရောက်လည်ပတ်သူများကလည်း အမှိုက်များကို စည်းကမ်းမဲ့စွာ စွန့်ပစ်နေကြသည်ဟု သိရသည်။
အမှိုက်များကို ထိုသို့ကြုံရာကျပန်း မစွန့်ပစ်ဘဲ အမှိုက်တောင်းများ၌ သေသေ
ချာချာ ကျကျနန စွန့်ပစ်စေချင်သည်ဟုလည်း ဦးစံထွန်းမောင်က ပြောသည်။
"ရခိုင်ပြည်နယ် စစ်တွေမြို့ကလူတွေပဲဖြစ်ဖြစ်၊ တခြားဘယ်သူပဲဖြစ်ဖြစ် အမှိုက်တွေကို အမှိုက်ပုံးထဲမှာပဲ သေသေချာချာကျကျနန စွန့်ပစ်ဖို့လိုတယ်၊
အခုက အမှိုက်ပုံးက အမှိုက်တွေက အောက်မှာပြန့်ကျဲပြီးတော့ ကျနေတယ်၊ အမှိုက်ပစ်မယ်ဆိုရင်အမှိုက်တွေကို အမှိုက်ပုံးထဲသို့ ကျကျနနပစ်ဖို့လိုအပ်တယ်" ဟု ဆက်ပြောခဲ့သည်။
ရခိုင်မောင်မယ်လူငယ်ပရဟိတဖောင်ဒေးရှင်သည် ၂၀၂၀ ပြည်နှစ်ကလည်း စိမ်းလန်းအဖွဲ့နှင့် စစ်တွေကမ်းခြေတစ်လျှောက် အမှိုက်ကောက်ခဲ့ကြသည်ဟု သိရသည်။ (NN-12)

ဆက်စပ် သတင်းများ