စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် ၃ ရက်အတွင်း နှစ်ကြိမ်အထိ မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်အထိနာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ နိုဝင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 3.6k

နိရဉ္စရာ၊ နိုဝင်ဘာ ၁၆/၂၀၂၂

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင်  စစ်ကောင်စီတပ်သည်   ရက်အတွင်း နှစ်ကြိမ်တိတိ မိုင်းဆွဲတိုက်ခိုက်ခံရ၍ အထိနာသေဆုံးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၁၃ ရက် နာရီခွဲခန့်က ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ဘက်သို့ အင်အားလာဖြည့်သည့် စစ်ကား ၂စီးကို တပ်ရာရွာ၊ တပ်ရာဂေါက်ကွင်းအနီး၌ မိုင်း လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သလို နိုဝင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီ ၃၂ မိနစ်ကလည်း ဘူးသီးတောင်မြို့နယ် ငှက်ပျောချောင်းရွာ အနောက်မြောက်ဘက် မီတာ ၂၀၀ အကွာ စေတီကုန်းတွင်  စစ်ကောင်စီ တပ်မ(၂၂) လက်အောက်ခံတပ်ဖွဲ့ကို ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၁၅ ရက် မိုင်းခွဲတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခက "  မနေ့က ဘူးသီးတောင်မြို့နယ် ငှက်ပျောချောင်းရွာရဲ့အနောက်မြောက်ဘက် မီတာ ၂၀၀ အကွာ စေတီကုန်းမှာ စစ်ကောင်စီ တပ်မ(၂၂) လက်အောက်ခံတပ်တွေကို ကျနော်တို့ ရက္ခိုင့်တပ်တော် မိုင်းဆွဲတိုက်ခိုက်တာရှိပါတယ်။ အဲ့ဒီလို မိုင်းဆွဲတိုက်ခိုက်ရာမှာ မြန်မာစစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ် "ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။ 

၎င်းမိုင်းခွဲတိုက်ခိုက်မှုကို နိုဝင်ဘာ ၁၅ ရက်နေ့ မနက် ၁၀ နာရီ ၃၂ မိနစ် အချိန်တွင် ပြုလုပ်ခဲ့ပြီး စေတီကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်မ(၂၂) လက်အောက်ခံတပ်ဖွဲ့မှ  ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း၊ သို့သော်လည်း အရေအတွက် အတိအကျကို လောလောဆယ် မသိရသေးကြောင်း ၎င်းကပြောသည်။ 

နိုဝင်ဘာ ၁၃ ရက် နာရီခွဲခန့်က မိုင်းခွဲတိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးက " ဂူတာပြင်ဘက်ကို အင်အားလာဖြည့်တဲ့ စစ်ကား စီးကို တပ်ရာရွာအနီးမှာ မိုင်းဆွဲတာပါ။ အင်အားက ခုနှစ်ဆယ်၊ ရှစ်ဆယ် လောက်ပါမယ်။ သေကြေပျက်စီးမှုရှိတယ်လို့ ကြားရပါတယ်။ အထိအခိုက်ကိုတော့ တိတိကျကျ မသိရသေးဘူး"ဟု ပြောသည်။
ယင်းသို့တိုက်ခိုက်ခံရပြီးနောက် တပ်ရာရွာအနောက်ဘက်ရှိ မယူတောင်တန်းနှင့် ကျောက်စာတိုင်အနီးရှိ မယူတောင်တန်းများသို့ ဘူးသီးတောင်အခြေစိုက် စကခ(၁၅)တပ်က နိုဝင်ဘာလ ၁၄ ရက် နံနက် ၁၀ နာရီခွဲခန့်မှစတင်ကာ ညနေ နာရီအထိ လက်နက်ကြီးများဖြင့် လှမ်းပစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီက လက်ရှိ ရခိုင်တွင် စစ်လက်နက်အင်အား၊ လူအင်အားများ မပြတ်ဖြည့်တင်းလျှက်ရှိနေပြီး ရက္ခိုင့်တပ်တော် (AA) အနေနှင့်လည်း စစ်ကောင်စီ၏ စစ်လက်နက် နှင့် ရိက္ခာများ ဖြည့်တင်းသည့် ထောက်ပို့ကားများကို ဆက်တိုက် မိုင်းခွဲတိုက်ခိုက်မှုများ ရှိနေခြင်းဖြစ်သည်။ 

နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာ နှင့် ဆင်အင်းကြီးကျေးရွာကြား ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းပေါ်တွင် စစ်ကောင်စီရိက္ခာကားကို အေအေက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် စစ်သားအများအပြားသေဆုံးခဲ့သည်ဟုသိရသည်။ 

၎င်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် ဆင်အင်းကြီးရွာသို့ ဝင်ရောက်ပြီး အသက် ၉၀ အရွယ် အဖွားအို တစ်ဦးအပါအဝင် ရွာသား ၉ ဦးကို ရက်စက်စွာသတ်ဖြတ်ပစ်ခဲ့သည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်(AA) က စစ်ကောင်စီ၏ ကုန်းလမ်း၊ ရေလမ်း ထောက်ပို့လမ်းကြောင်း အားလုံးကို ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီကလည်း ရခိုင်မှ ကုန်သွယ်ပို့ဆောင်ရေး လမ်းကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ထားကြောင်း သိရသည်။ (NN-7)

 

ပုံစာ-  ၂၀၁၉ ခုနှစ် မေလ ၄ ရက်နေ့ မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာအနီး စစ်တပ်ကားကို အေအေမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် တွေ့ရသည့်မြင်ကွင်း(ပုံဟောင်း)


ဆက်စပ် သတင်းများ