- Web Master
- ၃၁ ဇူလိုင် ၂၀၂၄
စစ်ကောင်စီက လေယာဉ်များဖြင့် ပါဝင်တိုက်ခိုက်နေသော်လည်း လားရှိုးနှင့် နမ့်ခမ်းတွင် စစ်ကောင်စီစခန်း တချို့အား တအာင်း အမျိုးသား လွတ်မြောက်တပ်မတော် (TNLA) က အောက်တိုဘာလ ၂၇ ရက်၌ သိမ်းပိုက်ခဲ့ကြောင်း ယင်းတပ်မတော် သတင်းနှင့် ပြန်ကြားရေးဌာနမှ သိရသည်။
၁၀၂၇ စစ်ဆင်ရေးအဖြစ် ရှမ်းပြည်နယ်၊
လားရှိုးမြို့နယ်နှင့်နမ့်ခမ်းမြို့နယ်
ထိုသို့ လေယာဉ်များဖြင့် လာရောက်တိုက်ခိုက်သော်လည်း လားရှိုးမြို့နယ်တွင် မိုင်းကျက် တပ်စခန်းနှင့် တိန်တန်တပ်စခန်းတို့ကို အောက်တိုဘာ ၂၇ ရက် နံနက် ၅ နာရီ
၂၀ မိနစ်တွင် တိုက်ခိုက်ခဲ့ပြီး တိန်တန်တပ်စခန်းကို ပြီးခဲ့သည့်ညဥ့် ၁၂ နာရီအချိန်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
TNLA အဆင့်မြင့်အရာရှိတစ်ဦးက
“နောက်ထပ်စစ်ဆင်ရေးတွေလည်း ရှိပါတယ်။ အသေးစိတ်ကိုပြောလို့မရပါဘူး။ အခုရက်ပိုင်း ခေါင်းဆောင်တွေ အစည်းအဝေးတွေနဲ့ အလုပ်များနေပါတယ်”
ဟု နိရဉ္စရာသို့ပြောသည်။
တိုက်ပွဲအတွင်း သေနတ် (၁၄)လက်၊ RPG
(၁)လက်၊ 60MM-
(၂)လက်၊ စက်လက်အကြီး (၁)လက်၊ လက်ပစ်ဗုံး - ၂၀၀လုံး၊ RPG ကျည် - ၃၀ လုံး၊ 60MM ကျည်-
၅၀လုံး၊ မိုင်း၊ ကျည်ဆံများနှင့် စစ်အသုံးအဆောင် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း TNLA မှ သိရသည်။
အလားတူ တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-နမ့်ဖတ်ကားလမ်း (၁၃)မိုင် တပ်စခန်း၊
(၁၂)မိုင် တပ်စခန်းနှင့် မန်မိုင်တပ်စခန်း(မိုက်ခရိုဝိတ် တာဝါတိုင်တပ်စခန်း) (၃)ခုတို့ကိုလည်း အောက်တိုဘာ ၂၇ ရက်နေ့ နံနက် ၄ နာရီအချိန်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြေ
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီစစ်သား အလောင်း ၁၈ လောင်းနှင့် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရခဲ့မိကြောင်းသိရသည်။
ဓာတ်ပုံ - PSLF/TNLA