- Web Master
- ၀၈ ဧပြီ ၂၀၂၄
ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၆/ ၂ဝ၂ဝ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် စတင်မည့် အိန္ဒိယ ခရီးစဉ်အတွင်း မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား နားလည်မှု စာချွန်လွှာ (MoU) ၆ ခုကို လက်မှတ်ရေးထိုးမည်ဖြစ်ရာ ထိုအထဲတွင် ရခိုင်နှင့် ပတ်သက်သော စာချွန်လွှာ သုံးခုပါဝင်ကြောင်း သတင်းရရှိသည်။
၎င်းတို့မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နှင့် ဂွမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီ ပေးအပ်ရန်၊ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၅ မြို့နယ်အား ဆိုလာစနစ်ဖြင့် လျှပ်စစ် ဓာတ်အားပေးရန်နှင့် ရခိုင်ပြည်နယ် ဘူးသီးတောင်တွင် လမ်းဖောက်လုပ်ရေးကို ကူညီရန်တို့ ဖြစ်ကြောင်း မြန်မာအစိုးရ ပြောခွင့်ရသူ ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ ဖေဖော်ဝါရီ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲ ထုတ်ဖော်ပြောကြားချက်အရ သိရသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့ထိ အိန္ဒိယနိုင်ငံ သမ္မတ၏ ဖိတ်ကြားချက်အရ အိန္ဒိယ နိုင်ငံသို့ ချစ်ကြည်ခရီး သွားရောက်မည် ဖြစ်သည်။
တစ်ခြား လက်မှတ်ရေးထိုးမည့် စာချွန်လွှာ ၃ ခုမှာ မြန်မာနိုင်ငံက ဟူးကောင်းတောင်ကြား ကျားထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန်၊ Quick Impact Project များအတွက် အိန္ဒိယနိုင်ငံက Grant ပေးရန်နှင့် ဆေးဝါးသုတေသန ကိစ္စရပ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန်တို့ ဖြစ်ကြသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် အိန္ဒိယဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အိန္ဒိယသမ္မတနှင့်တွေ့ဆုံမည်ဖြစ်ကာ ဗုဒ္ဓဂါယာနှင့် တာ့ချ်မဟာတို့သို့ သွားရောက်လည်ပတ်မည်ဟု သိရသည်။
(ဓာတ်ပုံ- moi)
-----------------------------------
Unicode:
နိရဉ်စရာ၊ ဖဖျေောဝါရီ ၂၆/ ၂ဝ၂ဝ
(ဓာတ်ပုံ- News18.com)