- Web Master
- ၀၈ ဧပြီ ၂၀၂၄
နိရဥ္စရာ၊ ဇူလိုင် ၇/၂ဝ၂ဝ (နိုင်ငံတကာ)
တရုတ်တပ်ဖွဲ့များသည် ဇန်နဝါရီ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် ရန်ပွဲကြောင့် အိန္ဒိယ စစ်သား ၂ဝ ဦး သေဆုံးခဲ့ရသည့် အိန္ဒိယနိုင်ငံအရှေ့ဘက်ရှိ Galwan မြစ်ဝှမ်း နယ်စပ်မှ အနည်းဆုံး တစ်ကီလိုမီတာ အကွာအဝေးထိ နောက်ဆုတ် သွားခဲ့သည်ဟု အိန္ဒိယ သတင်းများတွင် ယမန်နေ့က ဖော်ပြသည်။
အိန္ဒိယစစ်သားများလည်း ပြန်လည်ဆုတ်ခွာခဲ့ကြပြီး နှစ်နိုင်ငံတပ်များအကြား တင်းမာမှုများ တိုးပွားလာခြင်းကို ကာကွယ်ရန်ကြားခံနယ်မြေတစ်ခု ဖန်တီးခဲ့ကြောင်း၊ ၎င်းမှာ ရေရှည်တည်တံ့ခိုင်မြဲသော စစ်မှန်သည့် ဆုတ်ခွာမှုလားဆိုသည်ကို စောင့်ကြည့်ရန် လိုလိမ့်မည်ဖြစ်ကြောင်း ၎င်းသတင်းရင်းမြစ်က AFP ကို ပြောကြောင်း သတင်းတွင် ဖော်ပြသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ခိုက်ရန် ဖြစ်ပွားရာနေရာ အနီးရှိ ကင်းလှည့်အမှတ် (၁၄) ရှိ ရွက်ဖျင်တဲများနှင့် အဆောက်အဦးများကို ဖယ်ရှား ပစ်သည်ကို တွေ့ရသည်ဟု သူတို့ကပြောသည်။
တရုတ်တပ်ဖွဲ့များ တစ်ကီလိုမီတာထိ နောက်ဆုတ်မှုသည် အိန္ဒိယနှင့် တရုတ်နိုင်ငံမှ အထူးကိုယ်စားလှယ်များ ၎င်းနေရာမှ ဖယ်ခွာရန် သဘောတူညီမှု ရရှိပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး Ajit Doval နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi တို့သည် တနင်္ဂနွေနေ့က ဖုန်းဖြင့်စကားပြောဆိုခဲ့ကြပြီး နှစ်ဖက်စလုံးသည် အမှန်တကယ် ထိန်းချုပ်မှုလိုင်း ဖြစ်သော အိန္ဒိယနှင့်တရုတ်အကြား အမှန်တကယ်နယ်နိမိတ်ကို လေးစားလိုက်နာရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
နဂိုအခြေအနေကို ပြောင်းလဲပစ်ရန် တစ်ဖက်သတ် အရေးယူဆောင်ရွက်မှုများ မပြုလုပ်ရန်လည်း သဘောတူခဲ့ကြသည်ဟုဆိုသည်။
Ref: India-China Stand-Off: Rivals pull back troops
12:00 AM, July 07, 2020 / LAST MODIFIED: 01:53 AM, July 07, 2020