သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

နိုင်ဂျာနိုင်ငံ မူကြိုကျောင်းတစ်ခုတွင် ဖြစ်ပွားသည့် မီးလောင်မှုကြောင့်ကလေးငယ် ၂၆ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.3k

နိုဝင်ဘာ ၁၀/၂၀၂၁ (နိုင်ငံတကာ) 

နိုင်ဂျာနိုင်ငံတောင်ပိုင်း မာရာဒီတွင် နိုဝင်ဘာ၈ရက် တနင်္လာနေ့ကကောက်ရိုးနှင့် သစ်သားဖြင့် ပြုလုပ်ထားသည့် မူကြိုကျောင်းတစ်ခု မီးလောင်မှုဖြစ်ပွားရာမှ ကလေးငယ် ၂၆ ဦးထက်မနည်း သေဆုံးခဲ့သွားခဲ့သည်ဟုသိရသည်။

သေဆုံးခဲ့ရသည့် ကလေးအများစုမှာ အသက်ငါးနှစ်မှ ခြောက်နှစ်ကြားရှိ ကလေးငယ်များဖြစ်ပြီး ကလေးငယ် တစ်ဒါဇင်ကျော်ခန့်မှာ ဒဏ်ရာရရှိကာ အချို့မှာစိုးရိမ်ရကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

သေဆုံးသူ ကလေး ၂၆ ဦး၊ ဒဏ်ရာရသူ ၁၃ ဦးရှိပြီး ထိုအထဲမှ ၄ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း နိုင်ဂျာနိုင်ငံတောင်ပိုင်း မာရာဒီ မြို့တော်၀န်  Chaibou Aboubacar က မီဒီယာများကို ပြောဆိုသည်။

နိုင်ဂျာနိုင်ငံတောင်ပိုင်း မာရာဒီဒေသတွင် ငွေကြေးလိုအပ်ချက်ကြောင့် ကျောင်းများကို သစ်သားနှင့် ကောက်ရိုးများဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်ပြီး မကြာခဏ မီးလောင်မှုဖြစ်ပွားလေ့ရှိသည်ဟု ဆိုသည်။

ယခု စာသင်ကျောင်းဆောင်မှာ ယာယီစာသင်ခန်းတစ်ခုဖြစ်ပြီး  တနင်္လာနေ့ နံနက်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြခဲ့သည်။

ယခုနှစ် ဧပြီလတွင် နိုင်ဂျာနိုင်ငံ မြို့တော် နီယာမေးရှိ မူကြိုကျောင်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျောင်းသား/သူ အနည်းဆုံး ၂၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။

 At least 26 children die in Niger school fire

ဆက်စပ် သတင်းများ