- Web Master
- ၀၈ ဧပြီ ၂၀၂၄
နိရဉ္စရာ၊ ဒီဇင်ဘာ ၂၄/ ၂၀၂၁ (နိုင်ငံတကာ)
ယနေ့ နံနက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခရီးသည်တင်သင်္ဘောတစ်စီး မီးလောင်မှု ဖြစ်ပွားရာမှ ယခုအချိန်ထိ သေဆုံးသူ အလောင်း ၃၆ လောင်းကို ရှာဖွေတွေ့ရှိထားသည်ဟု Dhaka Tribune တွင် သတင်းဖော်ပြသည်။
၎င်းသင်္ဘောသည် မြို့တော် ဒက္ကားမှ ဘာဂုန (Barguna) မြို့သို့ ထွက်ခွာလာစဉ် Sugandha မြစ်တွင် ယနေ့ နံနက်က မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
မီးလောင်မှုကြောင့် လူ ၂၀၀ ကျော် မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိတွင် ၎င်းတို့အား ဒေသဆိုင်ရာ ဆေးရုံများတွင် ဆေးကုသမှု ခံယူလျက်ရှိသည်ဟုဆိုသည်။
မီးလောင်မှုမှာ အင်ဂျင်ခန်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လူများပြည့်ကျပ်နေသည့် မီးလောင်မှုမှ လောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
၎င်းသင်္ဘောပေါ်တွင် လူပေါင်း ၈၀၀ ခန့် ပါလာသည်ဟု The Independent သတင်းဖော်ပြသည်။
"Jhalakathi launch fire death toll rises to 36”