- Web Master
- ၀၈ ဧပြီ ၂၀၂၄
နိရဉ္စရာ၊ ဇန်နဝါရီ ၁၄ ရက် (နိုင်ငံတကာ)
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်တွင် ဇန်နဝါရီ ၁၃ ရက် (ကြာသပတေးညနေ)က ရထား တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၉ ဦးအထိ ရှိလာသည်ဟု ဆင်ဟွာက သတင်းဖော်ပြသည်။
ယနေ့ ဇန်နဝါရီ ၁၄ ရက် နံနက်အထိ သေဆုံးသူ ၉ ဦးအထိရှိလာခဲ့ကြောင်း၊ ဒဏ်ရာရသူအချို့မှာ စိုးရိမ်ဖွယ်အခြေအနေရှိနေကြောင်း ရထားလုပ်ငန်းဝန်ကြီးဌာန အဆင့်မြင့်အရာရှိ Anshul Gupta က အတည်ပြုပြောကြားခဲ့သည်။
သေဆုံးသူများတွင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၆ ဦးပါဝင်ကြောင်း၊ စုစုပေါင်း ခရီးသည် ၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းအနက် ၁၀ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း Gupta က ပြောခဲ့သည်။
ခရီးသည်တင်ရထားသည် အနောက်ဘန်ဂေါပြည်နယ် ဂျယ်ပိုင်ဂူရီခရိုင်၌ ဇန်နဝါရီ ၁၃ ရက် ညနေ ၅ နာရီခန့်တွင် လမ်းချော်သွားခဲ့ခြင်း ဖြစ်သည်။
Bikaner Express ရထားသည် ပတ္တနာမြို့မှ အာဆမ်ပြည်နယ် မြို့တော် ဂူဝါဟာတီသို့ ပြေးဆွဲနေခြင်းဖြစ်သည်။
မီဒီယာဖော်ပြချက်အရ ရထား လမ်းချော်တိမ်းမှောက်စဉ်တွင် တွဲပေါင်း ၁၂ တွဲခန့် လမ်းချော်ပြီး မှောက်ကျ ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။