- Web Master
- ၀၈ ဧပြီ ၂၀၂၄
နိရဉ္စရာ၊ ဇန်နဝါရီ ၁၆/၂၀၂၂ (နိုင်ငံတကာ)
ဖိလစ်ပိုင်သည် ၎င်း၏ရေတပ်ကို အင်အားဖြည့်တင်းရန် ဒေါ်လာ ၃၇၅ သန်းနီးပါးဖြင့် ကမ်းရိုးတန်း အခြေစိုက် သင်္ဘောဖျက်ဒုံးကျည်စနစ်ကို အိန္ဒိယထံမှ ဝယ်ယူရန် အပြီးသတ်သဘောတူညီမှု ရရှိခဲ့ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။
သဘောတူညီချက်အရ အိန္ဒိယသည် Brahmos ခရူဒုံးကျည်သုံးစင်း၊ အော်ပရေတာများနှင့် ပြုပြင် ထိန်းသိမ်းရေး သမားများကို ပို့ဆောင်ပေးမည်ဖြစ်ပြီး ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အထောက်အပံ့များကိုလည်း ပေးအပ်မည်ဖြစ်ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး Delfin Lorenzana က သောကြာနေ့နှောင်းပိုင်းတွင် သူ၏ Facebook တွင် ရေးသားဖော်ပြခဲ့ကြောင်း ရိုက်တာက သတင်းဖော်ပြသည်။
၎င်းဒုံးကျည်များကို ၂၀၁၇ ခုနှစ်ကတည်းက ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ် ရောဂါကြောင့် ဘတ်ဂျက်ခွဲဝေရာတွင် နှောင့်နှေးမှုများနှင့် ကြုံတွေ့ခဲ့ရသည်ဟုဆိုသည်။
သင်္ဘောဆန့်ကျင်ရေးဒုံးကျည်စနစ်သစ်သည် နိုင်ငံ၏ ရေမိုင် ၂၀၀ သီးသန့်စီးပွားရေးဇုန်ကို နိုင်ငံခြားသင်္ဘောများ ကျူးကျော်ဝင်ရောက်ခြင်းမှ တားဆီးရန် ရည်ရွယ်သည်ဟု သိရသည်။
ဖိလစ်ပိုင်နိုင်ငံသည် တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး တရုတ်နှင့် အ ငြင်းပွားမှုများ ရှိနေဆဲဖြစ်ရာ ဖိလစ်ပိုင်မရိန်းတပ်ဖွဲ့အတွက် ကမ်းခြေအခြေစိုက်သင်္ဘောဖျက်ဒုံးကျည်ကိုအ သုံးပြုဖို့ ရည်ရွယ်ထားသည်။
“Philippines to buy Indian missile system for $375m”