- Web Master
- ၀၈ ဧပြီ ၂၀၂၄
နိရဉ္စရာ၊ ဇန်နဝါရီ ၁၆/၂၀၂၂
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ရဲတပ်ဖွဲ့က ARSA ခေါင်းဆောင် အာတာအူလ္လာ၏ ညီဖြစ်သူ မူဟာမတ်ချာဟာလီကို ယနေ့နံနက်က ဖမ်းဆီးမိကြောင်း The Territorial News ရုပ်သံသတင်းတွင် သတင်းဖော်ပြသည်။
၎င်းအား ဒုက္ခသည်စခန်းအား ဒရုန်းဖြင့် ထောက်လှမ်းစဉ် ယနေ့နံနက်က ကော့စ်ဘဇားခရိုင်၊ အိုကီးမြို့နယ် အမှတ်(၆) မူဆလင် ဒုက္ခသည်းစခန်းမှ ဖမ်းမိသည်ဟု ဆိုသည်။
၎င်းအား အမှတ် ၁၄ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးခြင်းဖြစ်ပြီ ဗုံးများ၊ ဒေသလုပ် လက်နက်များ ဖမ်းဆီးရမိသည်ဟု လက်နက်ကိုင် ရဲတပ်ဖွဲ့ (APBN) ရဲမှူး အန်နာမူဟောက် ပြောသည်။ ၎င်းပြင်သူမှာ မူးယစ်ဆေးဝါးလုပ်ငန်းများနှင့် ပါဝင်ပတ်သက်နေသည်ဟု ပြောဆိုသည်။
ဒေသအခြေစိုက် အိုကီးနယူးသတင်းတွင် ၎င်းအားသတင်းအရ ရဲတပ်ဖွဲ့ကရှာဖွေစဉ် ယနေ့ နံနက် ၄ နာရီခွဲတွင် ဖမ်းမိကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြသည်။